zinedine-zidane-open-replacing-jose-mourinho-manchester-united-manager

မန္ယူနည္းျပအျဖစ္ ေမာ္ရင္ဟိုေနရာ အစားထိုး၀င္ေရာက္ဖုိ႔ စိတ္၀င္စားေနတဲ့ ဇီဒန္း

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းက လာမယ့္ ေဘာလံုးရာသီတြင္ အဂၤလန္ပရီးမီးယားလိဂ္မွာ နည္းျပလုပ္ဖို႔ စိတ္၀င္စားေနၿပီး မန္ခ်က္စတာယူႏိုက္တက္ နည္းျပ ေမာ္ရင္ဟိုရင္ေနရာမွာ အစားထိုး၀င္ေရာက္ခ်င္ေနေၾကာင္း ျပင္သစ္မီဒီယာ L’Equipe ၏ ေရးသားခ်က္မ်ားအရ သိရပါတယ္။

အသက္ ၄၆ ႏွစ္အရြယ္ရွိတဲ့ ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အတြက္ ခ်န္ပီယံလိဂ္ဖလား ၃ ႏွစ္ ဆက္တိုက္ ဆြတ္ခူးေပးခဲ့ၿပီးေနာက္ ၅ ရက္အၾကာမွာ နည္းျပရာထူးမွ ႏုတ္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။ ဇီဒန္းဟာ ၂၀၁၇ ခုနွစ္တုန္းကလည္း ရီးရဲလ္မက္ဒရစ္အတြက္ လာလီဂါဖလား ဆြတ္ခူးေပးႏိုင္ခဲ့သလို ဘာေနဗ်ဴးမွာ အသင္းႀကီးနည္းျပအျဖစ္ ၂ ရာသီ၀တ္အတြင္း ကမာၻ႕ကလပ္ဖလားကိုလည္း ၂ ႀကိမ္ ဆြတ္ခူးေပးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

မန္ယူနည္းျပအျဖစ္ ေမာ္ရင္ဟိုေနရာ အစားထိုး၀င္ေရာက္ဖုိ႔ စိတ္၀င္စားေနတဲ့ ဇီဒန္း

L’Equipe ရဲ႕ ေရးသားခ်က္မ်ားအရ ဇီဒန္းဟာ ေနာက္ရာသီတြင္ ဘယ္အသင္းမွာ နည္းျပလုပ္ခ်င္လဲဆုိတာ ဆံုးျဖတ္ထားၿပီးၿပီးလို႔ သိရၿပီး သူ႕အာရံုေတြက အဂၤလန္ပရီးမီးယားလိဂ္ဆီကိုပဲ ေရာက္ေနတယ္လို႔ သိရပါတယ္။ ကမာၻ႕ဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္ ကြင္းလယ္ကစာသမားေဟာင္း ဇီဒန္းဟာ မန္ခ်က္စတာယူႏိုက္တက္မွာ နည္းျပလုပ္ဖို႔ အထူးစိတ္၀င္စားေနေၾကာင္း အဆုိပါသတင္းက အခုိင္အမာေရးသားထားပါတယ္။

ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီတုန္းက မန္ယူအသင္းအတြက္ ဖလားတစ္လံုးမွ် မဆြတ္ခူးေပးႏိုင္တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဖိအားေတြမ်ားေနပါတယ္။ မႏွစ္က ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းနဲ႔ ၁၉ မွတ္ ကြာဟခဲ့တယ္ဆိုေပမယ့္ အဆင့္(၂) ေနရာရေအာင္ စြမ္းေဆာင္ႏိုင္တာေၾကာင့္ သူ႕အတြက္ ၾကီးမားတဲ့ေအာင္ျမင္မႈလို႔ ဆိုရမွာပါ။

mourinho-man-utd-newsday-myanmar

ဒါေပမယ့္ ေမာ္ရင္ဟိုဟာ ဒီေႏြအေျပာင္းအေရႊ႕မွာ မန္ယူအသင္းရဲ႕ တာ၀န္ရွိသူေတြနဲ႔ ကေတာက္ကဆ ျဖစ္ေနခဲ့ၿပီး ေစ်းကြက္မပိတ္ခင္ အေတြ႕အႀကံဳ ရွိတဲ့ ၀ါရင့္ ဗဟိုခံစစ္မွဴးတစ္ေယာက္ကို ေခၚခ်င္ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ စပါးအသင္းက Toby Alderweireld နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းက Jerome Boateng တို႔ကို ေမာ္ရင္ဟိုက လိုခ်င္ခဲ့တာပါ။ ဒါေပမယ့္ မန္ယူအသင္းရဲ႕ အလုပ္အမႈေဆာင္ဥကၠ႒ ၀ု၀က္ဒ္ကေတာ့ တစ္ေယာက္မွ် မေခၚႏိုင္ခဲ့ပါဘူး။

ေမာ္ရင္ဟိုက သူလိုခ်င္တဲ့အတိုင္း အသင္းအင္အားကို မျဖည့္ဆည္းေပးႏိုင္ဘူးဆိုရင္ ကလပ္အေနနဲ႔ ခက္ခဲတဲ့ရာသီတစ္ခုကို ရင္ဆိုင္ရလိမ့္မယ္လို႔ ဘုတ္အဖြဲ႕ေတြကို သတိေပးေျပာဆိုခဲ့သလို သူေရာင္းခ်င္တဲ့ တိုက္စစ္မွဴး မာရွယ္ကိုလည္း အခုအခ်ိန္အထိ ကလပ္မွာ ရွိတဲ့အေပၚ ၀ု၀က္ဒ္နဲ႔ သေဘာထားေတြ ကြဲလြဲေနတယ္လို႔ သိရပါတယ္။

Mourinho-newsday-myanmar

ၿပီးခဲ့တဲ့လက သတင္းထုတ္ျပန္ခ်က္ေတြအရ အကယ္၍ ဒီႏွစ္ ေဘာလံုးရာသီၿပီးဆံုးခ်ိန္မွာ ေမာ္ရင္ဟိုအေနနဲ႔ ကလပ္မွ ထြက္ခြာသြားရင္ မန္ယူအသင္းက ေမာ္ရင္ဟိုေနရာ အစားထိုးဖို႔ နည္းျပေလာင္းေတြထဲမွာ ဇီဒန္းကို ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

Unicode version

မန်ယူနည်းပြအဖြစ် မော်ရင်ဟိုနေရာ အစားထိုးဝင်ရောက်ဖို့ စိတ်ဝင်စားနေတဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက လာမယ့် ဘောလုံးရာသီတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက် နည်းပြ မော်ရင်ဟိုရင်နေရာမှာ အစားထိုးဝင်ရောက်ချင်နေကြောင်း ပြင်သစ်မီဒီယာ L’Equipe ၏ ရေးသားချက်များအရ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိတဲ့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ်ဖလား ၃ နှစ် ဆက်တိုက် ဆွတ်ခူးပေးခဲ့ပြီးနောက် ၅ ရက်အကြာမှာ နည်းပြရာထူးမှ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါဖလား ဆွတ်ခူးပေးနိုင်ခဲ့သလို ဘာနေဗျူးမှာ အသင်းကြီးနည်းပြအဖြစ် ၂ ရာသီဝတ်အတွင်း ကမ္ဘာ့ကလပ်ဖလားကိုလည်း ၂ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

L’Equipe ရဲ့ ရေးသားချက်များအရ ဇီဒန်းဟာ နောက်ရာသီတွင် ဘယ်အသင်းမှာ နည်းပြလုပ်ချင်လဲဆိုတာ ဆုံးဖြတ်ထားပြီးပြီးလို့ သိရပြီး သူ့အာရုံတွေက အင်္ဂလန်ပရီးမီးယားလိဂ်ဆီကိုပဲ ရောက်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ် ကွင်းလယ်ကစာသမားဟောင်း ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်မှာ နည်းပြလုပ်ဖို့ အထူးစိတ်ဝင်စားနေကြောင်း အဆိုပါသတင်းက အခိုင်အမာရေးသားထားပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ယူအသင်းအတွက် ဖလားတစ်လုံးမျှ မဆွတ်ခူးပေးနိုင်တာကြောင့် လက်ရှိအချိန်မှာ ဖိအားတွေများနေပါတယ်။ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ ၁၉ မှတ် ကွာဟခဲ့တယ်ဆိုပေမယ့် အဆင့်(၂) နေရာရအောင် စွမ်းဆောင်နိုင်တာကြောင့် သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုလို့ ဆိုရမှာပါ။

ဒါပေမယ့် မော်ရင်ဟိုဟာ ဒီနွေအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကတောက်ကဆ ဖြစ်နေခဲ့ပြီး ဈေးကွက်မပိတ်ခင် အတွေ့အကြုံ ရှိတဲ့ ဝါရင့် ဗဟိုခံစစ်မှူးတစ်ယောက်ကို ခေါ်ချင်ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ စပါးအသင်းက Toby Alderweireld နဲ့ ဘိုင်ယန်မြူးနစ်အသင်းက Jerome Boateng တို့ကို မော်ရင်ဟိုက လိုချင်ခဲ့တာပါ။ ဒါပေမယ့် မန်ယူအသင်းရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဝုဝက်ဒ်ကတော့ တစ်ယောက်မျှ မခေါ်နိုင်ခဲ့ပါဘူး။

မော်ရင်ဟိုက သူလိုချင်တဲ့အတိုင်း အသင်းအင်အားကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် ကလပ်အနေနဲ့ ခက်ခဲတဲ့ရာသီတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ ဘုတ်အဖွဲ့တွေကို သတိပေးပြောဆိုခဲ့သလို သူရောင်းချင်တဲ့ တိုက်စစ်မှူး မာရှယ်ကိုလည်း အခုအချိန်အထိ ကလပ်မှာ ရှိတဲ့အပေါ် ဝုဝက်ဒ်နဲ့ သဘောထားတွေ ကွဲလွဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ချက်တွေအရ အကယ်၍ ဒီနှစ် ဘောလုံးရာသီပြီးဆုံးချိန်မှာ မော်ရင်ဟိုအနေနဲ့ ကလပ်မှ ထွက်ခွာသွားရင် မန်ယူအသင်းက မော်ရင်ဟိုနေရာ အစားထိုးဖို့ နည်းပြလောင်းတွေထဲမှာ ဇီဒန်းကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Check Also

“ကိုပါအေမရိကဖလား ဆြတ္ခူးႏိုင္ရင္ အနားယူလိုက္မယ္” လို႔ အာဂ်င္တီးနား နည္းျပေျပာ

အာဂ်င္တီးနားနည္းျပခ်ဳပ္ လီယြန္နယ္ စကာလိုနီကေတာ့ ဘရာဇီးႏိုင္ငံ အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ သူတို႔အသင္း ဖလားဆြတ္ခူးႏိုင္ခဲ့ရင္ နည္းျပဘ၀မွ အနားယူလိုက္မယ္လို႔ ေျပာလိုက္ပါတယ္။ ၂၀၁၅၊ ၂၀၁၆ ကိုပါအေမရိကဖလားၿပိဳင္ပြဲတုန္းက …