“စီရော်နယ်ဒို ဘယ်မှမသွားဘူး” လို့ ပြောလိုက်တဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အခုလောလောဆယ်မှာ အခွန်ပြဿနာ၊ ဒိုင်လူကြီး တွန်းမှု (၅)ပွဲပယ် ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး စိတ်ထိခိုက်နေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ နည်းပြ ဇီဒန်းက ပြောလိုက်ပါတယ်။

“ခရစ္စတီယာနို ဒီမှာ ရှိနေတယ်” လို့ ဇီဒန်းက ပြောပါတယ်။

“သူ ဒီကနေ ဘယ်မှ သွားမှာမဟုတ်ဘူး။ ဒီကလပ်က သူ့ကလပ်၊ ဒီအသင်းက သူ့အသင်း၊ ဒီမြို့ သူ့မြို့ပဲ။ သူ ဒီမှာ နေရတာ ပျော်ရွှင်ကျေနပ်နေတယ်။ ဆွေးနွေးစရာ ကိစ္စတွေ ရှိနေပေမယ့် သူ ဒီမှာပဲ ရှိနေလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …