အမ္ဘက္ပီကို မတောင်းဆိုခဲ့ဘူးလို့ ပြောလိုက်တဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ယခုလက်ရှိ လူစာရင်းနဲ့တင် လာမယ့်ရာသီအတွက် လုံလောက်နေပြီမို့ မိုနာကိုတိုက်စစ်မှူး အမ်ဘက်ပီ ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုရာတာကို ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းထံ ရောင်းချလိုက်တာကြောင့် တိုက်စစ်အင်အားထပ်ဖြည့်ဖို့ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အမ်ဘက်ပီကို ခေါ်ယူနိုင်လားလို့ မေးမြန်းကြည့်တော့ ဇီဒန်းက အခုလို ငြင်းဆိုခဲ့ပါတယ်။

“ကျွန်တော် ဘယ်သူ့အတွက်မှ တောင်းဆိုထားတာမရှိဘူး။ ဒါကို ခင်ဗျားတို့သိပါတယ်” ဆိုပြီး ဇီဒန်းက မန်ယူကို ၃-၂နဲ့ ရှုံးတဲ့ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဥက္ကဋ္ဌကို ကျွန်တော်ပြောထားတယ်။ ကျွန်တော်တို့မှာ ၂၈ ယောက်ရှိနေပြီ။ သူတို့တွေနဲ့ အလုပ်လုပ်ရတာ ပျော်တယ်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်”

“သြဂုတ်လ ၃၁ ရက်နေ့တိုင်အောင် ဘာမှဖြစ်လာနိုင်စရာ မရှိဘူး။ ကျွန်တော် ဘာကိုမှ တောင်းဆိုမထားဘူး” လို့ ဇီဒန်းက ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …