zidane-newsdaymyanmar-man-utd-manager

ေမာ္ရင္ဟိုေနရာမွာ အစားထိုး၀င္ေရာက္ဖို႔ စိတ္၀င္စားေနတဲ့ ဇီဒန္း မၾကာခင္ နည္းျပလုပ္ေတာ့မည္

Zawgyi Font

ရီးရဲလ္မက္ဒရစ္မွ ထြက္ခြာၿပီးကတည္းက အလုပ္လက္မဲ့ျဖစ္ေနတဲ့ ဇီဒန္းဟာ အဂၤလန္ကလပ္ မန္ယူအသင္းမွာ ေမာ္ရင္ဟိုရဲ႕ေနရာ အစားထိုး၀င္ေရာက္ဖို႔ စိတ္၀င္စားေနၿပီး မၾကာခင္ နည္းျပျပန္လုပ္ေတာ့မည္ျဖစ္ေၾကာင္း ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ဘာေနဗ်ဴးမွာ ဂုဏ္သတင္းေက်ာ္ေဇာခဲ့တဲ့ ဇီဒန္းဟာ လာလီဂါဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလား ၃ ႏွစ္ဆက္ဆြတ္ခူးအၿပီးမွာ နည္းျပဘ၀က စြန္႕ခြာသြားခဲ့တာ ျဖစ္ပါတယ္။ အသက္ ၄၆ ႏွစ္ရွိတဲ့ အဆိုပါျပင္သစ္ႏိုင္ငံသားဟာ နည္းျပတစ္ေယာက္ရဲ႕ တာ၀န္ယူရတဲ့ စိတ္ဖိစီးမႈေတြကို ေကာင္းစြာ အနားယူၿပီးမွာေတာ့ တစ္ေက်ာ့ျပန္လာေတာ့မည္ျဖစ္ေၾကာင္း အခုလို ေျပာပါတယ္။

zidane-real-madrid-newsday-myanmar

“ေသခ်ာတာတစ္ခုကေတာ့ ကၽြန္ေတာ္ဟာ မၾကာခင္ နည္းျပအလုပ္ကို ျပန္လုပ္ေတာ့မွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္ဟာ နည္းျပလုပ္ရတာကို သေဘာက်သလို၊ ကၽြန္ေတာ့္ဘ၀တစ္ခုလံုးမွာလည္း ဒီအလုပ္က ေအာင္ျမင္မႈေတြ ရရွိထားတာေၾကာင့္ ျဖစ္တယ္” လို႔ ဇီဒန္းက ေျပာပါတယ္။

ဇီဒန္းရဲ႕ လာမယ့္နည္းျပဘ၀ဟာ အဂၤလန္မွာ ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုေနၾကၿပီး သူဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ ရုန္းကန္ေနရတဲ့ မန္ယူအသင္းနဲ႔ ဆက္သြယ္မႈေတြ ရွိေနခဲ့ပါတယ္။ ေမာ္ရင္ဟိုကေတာ့ မန္ယူအသင္းအေနနဲ႔ သူ႕ကို ထုတ္ရင္ ေလ်ာ္ေၾကးေတြအမ်ားႀကီး ေပးရလိမ့္မယ္ဆုိၿပီးေတာ့ ဟာသဆန္ဆန္ သတိေပးေျပာဆိုထားပါတယ္။

mourinho-man-utd-newsday-myanmar

ဒါေပမယ့္ အသင္းအတြက္ ရလဒ္ေကာင္းရေအာင္ မေဖာ္ေဆာင္ႏိုင္ခဲ့ပါက မန္ယူအသင္းဟာ ဖလားလက္မဲ့ျဖစ္ေနအံုးမွာ ျဖစ္တဲ့အတြက္ ေျပာင္းလဲမႈတစ္ခုေတာ့ ျပဳလုပ္ေတာ့မွာပါ။ အကယ္၍ ဇီဒန္းသာ အလုပ္မရွိေသးရင္ မန္ယူအသင္းက အဓိကထား ေရြးခ်ယ္သြားမယ္လို႔လည္း သိရပါတယ္။

Unicode font

မော်ရင်ဟိုနေရာမှာ အစားထိုးဝင်ရောက်ဖို့ စိတ်ဝင်စားနေတဲ့ ဇီဒန်း မကြာခင် နည်းပြပြန်လုပ်တော့မည်ဖြစ်ကြောင်း ဖွင့်ဟလိုက်ပြီ

ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေတဲ့ ဇီဒန်းဟာ အင်္ဂလန်ကလပ် မန်ယူအသင်းမှာ မော်ရင်ဟိုရဲ့နေရာ အစားထိုးဝင်ရောက်ဖို့ စိတ်ဝင်စားနေပြီး မကြာခင် နည်းပြပြန်လုပ်တော့မည်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘာနေဗျူးမှာ ဂုဏ်သတင်းကျော်ဇောခဲ့တဲ့ ဇီဒန်းဟာ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်ဆွတ်ခူးအပြီးမှာ နည်းပြဘဝက စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့ အဆိုပါပြင်သစ်နိုင်ငံသားဟာ နည်းပြတစ်ယောက်ရဲ့ တာဝန်ယူရတဲ့ စိတ်ဖိစီးမှုတွေကို ကောင်းစွာ အနားယူပြီးမှာတော့ တစ်ကျော့ပြန်လာတော့မည်ဖြစ်ကြောင်း အခုလို ပြောပါတယ်။

zidane with champion league trophy - newsday myanmar

“သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ မကြာခင် နည်းပြအလုပ်ကို ပြန်လုပ်တော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ နည်းပြလုပ်ရတာကို သဘောကျသလို၊ ကျွန်တော့်ဘဝတစ်ခုလုံးမှာလည်း ဒီအလုပ်က အောင်မြင်မှုတွေ ရရှိထားတာကြောင့် ဖြစ်တယ်” လို့ ဇီဒန်းက ပြောပါတယ်။

ဇီဒန်းရဲ့ လာမယ့်နည်းပြဘဝဟာ အင်္ဂလန်မှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး သူဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ရုန်းကန်နေရတဲ့ မန်ယူအသင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေခဲ့ပါတယ်။ မော်ရင်ဟိုကတော့ မန်ယူအသင်းအနေနဲ့ သူ့ကို ထုတ်ရင် လျော်ကြေးတွေအများကြီး ပေးရလိမ့်မယ်ဆိုပြီးတော့ ဟာသဆန်ဆန် သတိပေးပြောဆိုထားပါတယ်။

ဒါပေမယ့် အသင်းအတွက် ရလဒ်ကောင်းရအောင် မဖော်ဆောင်နိုင်ခဲ့ပါက မန်ယူအသင်းဟာ ဖလားလက်မဲ့ဖြစ်နေအုံးမှာ ဖြစ်တဲ့အတွက် ပြောင်းလဲမှုတစ်ခုတော့ ပြုလုပ်တော့မှာပါ။ အကယ်၍ ဇီဒန်းသာ အလုပ်မရှိသေးရင် မန်ယူအသင်းက အဓိကထား ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …