“စတာရစ်ကို ပွဲထွက်ခွင့်မှန်မှန်ပေးရင် ဒီနွေမှာ လူ(၂)ယောက် ၀ယ်စရာမလိုဘူး”လို့ လာလန်နာ ပြော

လီဗာပူးလ် ကွင်းလယ်ကစားသမား လာလန်နာက ကမ္ဘာ့အဆင့်မီ တိုက်စစ်တစ်ယောက်လို့ သတ်မှတ်ထားတဲ့ စတာရစ်ကိုသာ လာမယ့်ရာသီမှာ ကစားခွင့် ကောင်းကောင်းပေးလိုက်ရင် ဒီနွေမှာ ကစားသမားအသစ် ၂ယောက် ခေါ်ယူစရာမလိုဘူးလို့ ပြောလိုက်ပါတယ်။

“သူက ကမ္ဘာ့အဆင့်မီကစားသမားတစ်ယောက်” လို့ လာလန်နာက စတာရစ်နဲ့ ပတ်သတ်ပြီး ပြောပါတယ်။

“ဒီနွေမှာ စတာရစ်က ပုံစံကောင်းတွေနဲ့ ပြန်လာနေပြီ။ လာမယ့်ရာသီမှာ သူက ကျွန်တော်တို့အတွက် အရမ်းအားထားရမယ့် ကစာသမားယောက် ဖြစ်လာလိမ့်မယ်”

“အခု စတာရစ်က ကြံ့ခိုင်မှုပြည့်ဝနေသလို၊ ရာသီအကြိုမှာ အရမ်းတောက်ပနေတယ်။ သူဟာ အမှန်တကယ်ထက်မြက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကို ကြိုးစားခွင့်ပေးမယ်ဆိုရင် ကစားသမားအသစ်၂ယောက် ခေါ်ယူတာနဲ့ အတူတူပါပဲ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …