လီဗာပူးလ္အေၾကာင္း စဥ္းစားရင္ ခ်န္ပီယံမျဖစ္ႏိုင္ဘူးလို႔ ဂြာဒီယိုလာ သတိေပး

Zawgyi Version

မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာက အသင္းသားေတြအေနနဲ႔ လက္ရွိ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းအေၾကာင္းကိုပဲ စဥ္းစားေနမယ္ဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဘ၀နဲ႔ ေ၀းသြားႏိုင္တာေၾကာင့္ ကိုယ့္အသင္းအႏိုင္ရေရးကိုသာ အာရံုစိုက္သင့္တယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။

မန္စီးတီးအသင္းဟာ ဒီေန႔ မနက္ပိုင္းက Wolves အသင္းကို တိုက္စစ္မွဴး ဂ်ီးဆပ္ရဲ႕ သြင္းဂိုးေတြနဲ႔ ၃ – ၀ ရလဒ္ျဖင့္ အႏိုင္ရခဲ့ပါတယ္။ ဂြာဒီယိုလာဟာ လီဗာပူးလ္အသင္းနဲ႔ အမွတ္ေတြ အမ်ားႀကီးကြာဟမႈကို ေလွ်ာ့ခ်ဖို႔ ဘယ္လိုမတတ္ႏိုင္ဘူးဆိုတာ သိထားေပမဲ့ အကယ္၍ လီဗာပူးလ္အသင္း ေျခေခ်ာ္တဲ့အခ်ိန္မွာ အမွတ္ေတြရေအာင္ ယူၾကဖို႔ အသင္းသားေတြကို အခုလို တိုက္တြန္းလိုက္ပါတယ္။

“ကၽြန္ေတာ္တို႔ လိုအပ္ေနတဲ့ အမွတ္ေတြကို ရွာေဖြဖို႔ ကၽြန္ေတာ့္မွာေမွာ္ေဘာလံုး မရွိဘူး” လို႔ ဂြာဒီယိုလာက ေျပာပါတယ္။

“ကၽြန္ေတာ့္အသင္းသားေတြကို ေျပာထားၿပီးသားပါ။ ပြဲစဥ္အခ်ိန္ဇယားကို မၾကည့္နဲ႔။ ေနာက္ လီဗာပူးလ္ပြဲေတြနဲ႔ ပတ္သက္ၿပီးလည္း ျပကၡဒိန္ကို မၾကည့္ၾကနဲ႔လို႔ မွာထားတယ္။ သူတို႔အသင္းကို ေမ့ထားဖို႔ မွာထားတယ္”

“ကၽြန္ေတာ့္အေတြ႕အႀကံဳအရ ေျပာရရင္ ၿပိဳင္ပြဲဆိုတာ ရံႈးတတ္စျမဲပါ။ ေနာက္ၿပီး ၿပီးေတာ့လည္း ၿပီးသြားပါပဲ။ လီဗာပူးလ္အသင္း ႏိုင္တယ္ဆိုရင္ ဂ်ာဂင္ကို ဂုဏ္ျပဳရလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ ရသင့္ရထိုက္လို႔ပဲ”

“ကၽြန္ေတာ္တို႔ လုပ္ႏိုင္တာက ကိုယ့္အသင္းအႏိုင္ရဖို႔ပဲ။ တစ္ေန႔မွာ လီဗာပူးလ္ ရံႈးခဲ့ရင္ေတာင္ ကၽြန္ေတာ္တို႔က ဒီေနရာပဲ ရွိေနမွာ။ ကၽြန္ေတာ္တို႔ ႏိုင္ပြဲမရရင္ သူတို႔က ခ်န္ပီယံျဖစ္သြားမွာ။ သူတို႔ကို ကၽြန္ေတာ္တို႔ မထိန္းခ်ဳပ္ႏိုင္ဘူး” လို႔ ဂြာဒီယိုလာက ေျပာလိုက္ပါတယ္။

Unicode version

လီဗာပူးလ်အကြောင်း ထည့်စဉ်းစားနေရင် ချန်ပီယံမဖြစ်နိုင်ဘူးလို့ ဂွာဒီယိုလာ သတိပေး

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက အသင်းသားတွေအနေနဲ့ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းအကြောင်းကိုပဲ စဉ်းစားနေမယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဘဝနဲ့ ဝေးသွားနိုင်တာကြောင့် ကိုယ့်အသင်းအနိုင်ရရေးကိုသာ အာရုံစိုက်သင့်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနေ့ မနက်ပိုင်းက Wolves အသင်းကို တိုက်စစ်မှူး ဂျီးဆပ်ရဲ့ သွင်းဂိုးတွေနဲ့ ၃ – ၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ ဂွာဒီယိုလာဟာ လီဗာပူးလ်အသင်းနဲ့ အမှတ်တွေ အများကြီးကွာဟမှုကို လျှော့ချဖို့ ဘယ်လိုမတတ်နိုင်ဘူးဆိုတာ သိထားပေမဲ့ အကယ်၍ လီဗာပူးလ်အသင်း ခြေချော်တဲ့အချိန်မှာ အမှတ်တွေရအောင် ယူကြဖို့ အသင်းသားတွေကို အခုလို တိုက်တွန်းလိုက်ပါတယ်။

“ကျွန်တော်တို့ လိုအပ်နေတဲ့ အမှတ်တွေကို ရှာဖွေဖို့ ကျွန်တော့်မှာမှော်ဘောလုံး မရှိဘူး” လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ကျွန်တော့်အသင်းသားတွေကို ပြောထားပြီးသားပါ။ ပွဲစဉ်အချိန်ဇယားကို မကြည့်နဲ့။ နောက် လီဗာပူးလ်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း ပြက္ခဒိန်ကို မကြည့်ကြနဲ့လို့ မှာထားတယ်။ သူတို့အသင်းကို မေ့ထားဖို့ မှာထားတယ်”

“ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် ပြိုင်ပွဲဆိုတာ ရှုံးတတ်စမြဲပါ။ နောက်ပြီး ပြီးတော့လည်း ပြီးသွားပါပဲ။ လီဗာပူးလ်အသင်း နိုင်တယ်ဆိုရင် ဂျာဂင်ကို ဂုဏ်ပြုရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရသင့်ရထိုက်လို့ပဲ”

“ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ့်အသင်းအနိုင်ရဖို့ပဲ။ တစ်နေ့မှာ လီဗာပူးလ် ရှုံးခဲ့ရင်တောင် ကျွန်တော်တို့က ဒီနေရာပဲ ရှိနေမှာ။ ကျွန်တော်တို့ နိုင်ပွဲမရရင် သူတို့က ချန်ပီယံဖြစ်သွားမှာ။ သူတို့ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး” လို့ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

Check Also

Ilkay-Gundogan-claims-Manchester-City-nervous-big-European-games

ခ်န္ပီယံလိဂ္ဆိုရင္ မန္စီးတီးက စိုးရိမ္စိတ္ေတြ မ်ားလြန္းတယ္လို႔ ဂန္ဒိုဂန္ ေျပာ

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆိုရင္ ေၾကာက္ရြံ႕တုန္လႈပ္မႈေတြ မ်ားၿပီး အမွားေတြ က်ဴးလြန္မိတယ္လို႔ ကြင္းလယ္ကစားသမား ဂန္ဒိုဂန္က ေျပာလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမအေက်ာ့မွာ မန္စီးတီးဟာ စပါးစ္အသင္းကို ၁-၀ နဲ႔ …