အင်္ဂလန်နိုင်ငံအသင်းမှ ၀ိန်းရွန်းနီ အနားယူသွားပြီ

အင်္ဂလန်နိုင်ငံအသင်း နည်းပြ ဆောက်ဂိတ်က ရွန်းနီကို အသင်းလူစာရင်းထဲ ပါဝင်ဖို့ ပြန်ခေါ်ခဲ့ပေမယ့် သူဟာ နိုင်ငံအသင်းမှ အနားလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။

“ဆောက်ဂိတ်က လာမယ့်ပွဲတွေမှာ အသင်းလူစာရင်းထဲ ပါဝင်ဖို့ ကျွန်တော့်ဆီ ဖုန်းဆက်ပြောခဲ့တယ်။ ဒါကို တန်ဖိုးထားပေမယ့် နိုင်ငံအသင်းမှ အနားယူဖို့ အခုလေးတင် ဆုံးဖြတ်ပြီးပြီလို့ ဆောက်ဂိတ်ကို ကျွန်တော် ပြန်ပြောခဲ့တယ်”

“ဒါဟာ တကယ်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီအတွက် ကျွန်တော်မိသားစု၊ အဲဗာတန်မှာ ရှိတဲ့ နည်းပြ၊ နောက်ပြီး ကျွန်တော်နဲ့ အနီးစပ်ဆုံးလူတွေနဲ့ ဆွေးနွေးခဲ့တယ်”

“အင်္ဂလန်နိုင်ငံအတွက် ကစားပေးရတာ ကျွန်တော့်အတွက် အထူးစပါယ်ရှယ်ပါ။ ကစားသမားတစ်ယောက်အနေနဲ့ ဖြစ်ဖြစ်၊ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြစ်ဖြစ် အရွေးခံရတဲ့ အချိန်တိုင်းဟာ ကျွန်တော့်အတွက် အမှန်တကယ် ရခဲတဲ့ အခွင့်ထူးတစ်ရပ်လို့ ခံစားမိတယ်။ ကျွန်တော့်ကို ကူညီခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်”

“မန်ချက်စတာယူနိုက်တက်မှ ထွက်ခွါဖို ဆုံးဖြတ်တုန်းကလည်း ကျွန်တော်အတွက် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အိမ်လိုဖြစ်တဲ့ အဲဗာတန်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အခု ကျွန်တော့်စွမ်းအားတွေအားလုံး ဒီအသင်းအောင်မြင်ရေးအတွက် အာရုံစူးစိုက်တော့မယ်”

“ကျွန်တော်ကတော့ အင်္ဂလန်ကို အရူးအမူးချစ်တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ရှိနေပါလိမ့်မယ်”

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …