အသင်းဟောင်းနဲ့ ရင်မဆိုင်ချင်လို့ အင်တာကို ငြင်းပယ်လိုက်တဲ့ ဗီဒယ်

ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဗီဒယ်ဟာ အင်တာမီလန်က ယူရို ၅၇သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် အသင်းဟောင်း ဂျူဗင်တပ်ကို ရင်ဆိုင်မကစားချင်တာကြောင့် ငြင်းပယ်လိုက်တယ်လို့ ချီလီသတင်းများအရ သိရပါတယ်။

အသက် ၃၀ ရှိပြီဖြစ်တဲ့ ဗီဒယ်ဟာ ၂၀၁၅ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့မကစားခင် ဂျူဗင်တပ်မှာ (၄)နှစ်ကြာ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းက အဆိုပါ ချီလီသားကို စီးရီးအေထံ ပြန်ခေါ်ဖို့ ယူရို ၅၇သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ချီလီသတင်းမီဒီယာ El Mercurio မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဗီဒယ်က အင်တာနဲ့ ပူးပေါင်းလိုက်ရင် အသင်းဟောင်း ဂျူဗင်တပ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ငြင်းပယ်လိုက်တယ်လို့ ထိုသတင်းမှာ ထပ်မံဖော်ပြထားပါတယ်။

ယခင် လီဗာကူဆင်မှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ပြီး ဘွန်ဒစ်လီဂါမှာ အနေပျော်တဲ့ ဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်မှာ ၂၀၁၉ ခုနှစ်အထိ ဆက်နေဖို့ စာချုပ်သက်တမ်း တိုးလိမ့်မယ်လို့လည်း သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …