လာလီဂါသွင်းဂိုး ၄၀၀ ပြည့်ရှင် မက်ဆီအား ချီးမွမ်းခန်းဖွင့်လိုက်တဲ့ ဗယ်ဗာဒီ

လာလီဂါသွင်းဂိုး ၄၀၀ ပြည့်ရှင် မက်ဆီအား ချီးမွမ်းခန်းဖွင့်လိုက်တဲ့ ဗယ်ဗာဒီ

Zawgyi version




Unicode version

လာလီဂါသွင်းဂိုး ၄၀၀ ပြည့်သွင်းယူခဲ့သူ မက်ဆီအား ချီးမွမ်းခန်းဖွင့်လိုက်တဲ့ ဗယ်ဗာဒီ

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီကတော့ တနင်္ဂနွေနေ့က အီဘာအသင်းကို ၃-၀ ရလဒ်နဲ့ အနိုင်ရတဲ့ပွဲမှာ လာလီဂါသွင်းဂိုး ၄၀၀ ပြည့်မြောက်ဂိုး သွင်းနိုင်ခဲ့တဲ့ မက်ဆီကို ချီးမွမ်းထောပနာပြုလိုက်ပါတယ်။
ယခုဆိုရင် မက်ဆီဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာ သွင်းဂိုး ၄၀၀ သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဗယ်ဗာဒီကတော့ မက်ဆီဟာ နှိုင်းယှဉ်စရာမရှိဘူးလို့ ပြောလိုက်ပြီး အားကစားကွင်းထဲကို တခြားကမ္ဘာမှ ဆင်းသက်လာခဲ့တယ်လို့တောင် ထင်မိကြောင်း ပြောလိုက်ပါတယ်။

“မက်ဆီရဲ့ ကိန်ဂဏန်း မှတ်တမ်းအချက်အလက်တွေက ဒီကမ္ဘာပေါ်မှာ မရှိနိုင်လောက်ပါဘူး။ သူ့မှတ်တမ်းတွေကို မယုံနိုင်လောက်အောင်ပဲ” လို့ ဗယ်ဗာဒီက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
“သူက ဂိုးတွေချည်း သွင်းတာမဟုတ်ဘူး။ ဖန်းတီးနိုင်စွမ်းလည်း ရှိတယ်။ ကျွန်တော့်အထင်တော့ သူဟာ တခြားကမ္ဘာက ဆင်းသက်လာတဲ့သူပါပဲ” လို့ ဗယ်ဗာဒီက ပြောလိုက်ပါတယ်။
ယနေ့ သွင်းဂိုးနဲ့အတူ မက်ဆီဟာ ယခုနှစ် လာလီဂါဘောလုံးရာသီမှာ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Check Also

အဲဒီအချိန်တုန်းက ကျွန်တော့်ခေတ်ပဲ

“ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ” – အီတူး

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူးကတော့ နည်းပြ ပပ်ဂွာဒီယိုလာရဲ့ နည်းစနစ် ချုပ်ကိုင်မှုတွေကို အပြစ်တင် ရှုံ့ချလိုက်ပြီး ဘာစီလိုနာကို အနိုင်ရအောင် စွမ်းပေးခဲ့သူက မက်ဆီမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အီတူးဟာ …