
Zawgyi Version


Cristiano-Ronaldo-Juventus-Valencia-sending-off-1020042



Valencia 2-0 in their Champions League opener



Unicode version

“ရော်နယ်ဒို အနီကတ်က လုံးဝမဖြစ်သင့်ဘူး” လို့ ပြောလိုက်တဲ့ ပီယာနစ်

ဗလင်စီယာအသင်းကို ဂျူဗင်တပ်အသင်း ၂-၀ နဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်မှာ တိုက်စစ်မှူး စီရော်နယ်ဒို အနီကတ်ပြ အထုတ်ရခံရတာဟာ လုံး၀ မဖြစ်သင့်ပါဘူးလို့ ကွင်းလယ်ကစားသမား ပီယာနစ်က ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ပွဲစဉ်ပထမပိုင်း ၂၈ မိနစ်မှာ တစ်ဖက်ကစားသမားကို တွန်းလှဲရာကနေ ဆံပင်ကို ဆွဲသလို ဖြစ်သွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ စီရော်နယ်ဒိုအတွက် ဂျူဗင်တပ်တိုက်စစ်မှူးအဖြစ် ပထမဆုံးသော ချန်ပီယံလိဂ်ပွဲတစ်ခုဖြစ်ပြီး ဒီပြိုင်ပွဲ ပထမဆုံးသော အနီကတ် ပြသခံခဲ့ရခြင်း ဖြစ်ပါတယ်။

အသင်းအတွက် ပင်နယ်တီ ၂ လုံး သွင်းယူပေးခဲ့တဲ့ ပီယာနစ်ကတော့ စီရော်နယ်ဒို အနီကတ်ပြခံရတာဟာ လုံးဝမထိုက်တန်ကြောင်း အခုလို ပြောပါတယ်။

“ဘောလုံးပြိုင်ပွဲဆိုတာ တကယ့်ကိုထူးဆန်းပါတယ်။ အဖွင့်ပွဲမှာ ကျွန်တော်တို့ ၄-၀ ရလဒ်နဲ့ နိုင်ရမှာ။ အခု ရော်နယ်ဒို အနီကတ်ကတော့ လုံးဝမဖြစ်သင့်ဘူး” လို့ ပီယာနစ်က ကလပ်ဝက်ဆိုဘ်မှာ ပြောထားပါတယ်။

စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၁၅၄ ပွဲ ကစားပြီးမှာ ပထမဆုံးအကြိမ် အနီကတ်ရခဲ့ခြင်း ဖြစ်သလို ဂျူဗင်တပ်အသင်းကလည်း ချန်ပီယံလိဂ်သမိုင်းမှာ အနီကတ်အများဆုံး ၂၆ ကြိမ် ရရှိထားတဲ့ အသင်းတစ်သင်း ဖြစ်သွားခဲ့ပါတယ်။

Check Also

ဗလင်စီယာနဲ့ ချန်ပီယံလိဂ်ပွဲမှာ အနီကဒ်ပြ ထုတ်ခံရပြီးနောက် ငိုခဲ့ရတဲ့ စီရော်နယ်ဒို

ဗလင်စီယာနဲ့ ချန်ပီယံလိဂ်ပွဲမှာ အနီကဒ်ပြ ထုတ်ခံရပြီးနောက် ငိုခဲ့ရတဲ့ စီရော်နယ်ဒို

[Zawgyi] တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီနေ့ည ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ ပွဲဦးထွက် ချန်ပီယံလိဂ်ပွဲမှာ တိုက်ရိုက် အနီကဒ်ပြခံရပြီး ပွဲမှ ထွက်ခွာသွားခဲ့ရပါတယ်။ [Unicode] တိုက်စစ်မှူး …