UEFA-Champions-Europa-League-Trophies-Replica-4-100mm-Kiev


Zawgyi Code




Unicode version

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အပြင် တတိယဥရောပပြိုင်ပွဲတစ်ခု ထပ်တိုးမည်

၂၀၂၁-၂၂ ဘောလုံးရာသီမှ စတင်ပြီး ဥရောပကလပ်ပြိုင်ပွဲများကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အပြင် နောက်ထပ်တစ်ခု ထပ်တိုးပြီး ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ECA ဥက္ကဋ္ဌ အန်ဒရီရာအက်နယ်လီက အတည်ပြုပြောကြားလိုက်ပါတယ်။

champion league and europa league trophy

“ယူအီးအက်ဖ်အေကော်မတီရဲ့ ခွင့်ပြုချက်ရဖို့ စောင့်နေပါတယ်။ တတိယပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ အဆိုပြုတင်သွင်းချက်ကိုတော့ မီးစိမ်းပြထားပြီးပါပြီ။ ၂၀၂၁-၂၂ ခုနှစ် ဘောလုံးရာသီမှာ ဥရောပကလပ်ပြိုင်ပွဲအားလုံးမှာ ကလပ်အရေအတွက် ၉၆ခုအထိ ရှိလိမ့်မယ်” လို့ အန်ဒရီရာအက်နယ်လီက ပြောပါတယ်။

ဒါဟာ  ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ၄၈ သင်း ကျင်းပနေရာကနေ ၃၂ သင်းအထိ လျှော့ချသွားမှာ ဖြစ်ပြီး အသစ်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာလည်း အသင်းအရေအတွက် အတူတူ ၃၂ သင်း ဖြစ်သွားလိမ့်မယ်လို့ သိရပါတယ်။

Check Also

skysports-jose-mourinho-man-united_4478147

မော်ရင်ဟိုကို လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော

Zawgyi Version ယခင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုအနေနဲ့ လာလီဂါသို့ တစ်ကျော့ပြန်လာခဲ့မယ်ဆိုရင် သိပ်ကောင်းတဲ့ပြပွဲတစ်ခု ဖြစ်လာမှာပဲလို့ လာလီဂါဥက္ကဋ္ဌ Javier Tebasက ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ …