အမ်ဘက်ပီအပြင် ရက်ရှ်ဖို့ဒ်ကိုပါ စိတ်ဝင်စားလာတဲ့ မက်ဒရစ်

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူတိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို မျက်စိကျနေတယ်လို့ Mirror က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ယခင်ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၁၉ နှစ်သာရှိတဲ့ မိုနာကိုတိုက်စစ်မှူး ကိုင်လီယန်အမ်ဘက်ပီကို ခေါ်ယူလိမ့်မယ်လို့ သိရပါတယ်။

ဒါပေမယ့် Mirror မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ် ရွေးထုတ်ထားတဲ့ အကြိုက်ဆုံးကစားသမား ၄ ယောက်ထဲမှာပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ရွေးထုတ်ထားတဲ့ အကြိုက်ဆုံးကစားသမား ၄ ယောက်ကတော့ ကက်စ်ပါဒေါလ်ဘက်၊ တီမိုဝမ်နာ၊ အူဘာမီယန်းနဲ့ ရှက်ရှ်ဖို့ဒ်တို့ပင် ဖြစ်ကြပါတယ်။

ထိုသတင်းမှာ ထပ်မံဖော်ပြထားတာက ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းထံ မိုရာတာကို ရောင်းလို့ရတဲ့ ပေါင် ၆၇ သန်းနဲ့ မော်ရင်ဟိုရဲ့ တိုက်စစ်မှူးကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …