ကစားသမား(၄)ယောက်လောက် ခေါ်မယ်လို့ ပြောလိုက်တဲ့ ပိုချက်တီနို

စပါးနည်းပြ ပိုချက်တီနိုက သြဂုတ်လမကုန်ခင် ကစားသမားလေးယောက်လောက် ခေါ်သွားမယ်လို့ ပြောလိုက်ပြီး အေဂျက်နောက်ခံကစားသမား ဆန်းချက်စ်ရဲ့ အပြောင်းအရွှေ့သတင်းကိုတော့ ငြင်းဆိုသွားပါတယ်။

“ကစားသမား ၄ ယောက်လောက် ခေါ်ချင်တယ်။ ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွယ်တော့မလွယ်ဘူး” လို့ ပိုချက်တီနိုက ပြောပါတယ်။

“ကစားသမားတချို့ကိုတော့ ခေါ်နိုင်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်က အသင်းလူစာရင်းကို မြှင့်တင်ဖို့ပဲလေ။ မျက်နှာသစ်ကစားသမားတွေခေါ်ပြီး အသင်းကို စွမ်းအင်အသစ်တွေ ဖြည့်ဆည်းမယ်။ ဘာလို့လဲဆိုတော့ ဘောလုံးရာသီက အကြာကြီး” လို့ ပြောပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက အေဂျက်စ်နောက်ခံကစားသမား ဆန်းချက်စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှုနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“အမြဲတမ်းလိုလို ကောလာဟလတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် မပြောတတ်ဘူး။ သူ့အကြောင်း မပြောဘူး။ ဘာလို့လဲဆို သူက ကျွန်တော်တို့ ကစားသမားမဟုတ်လို့ပဲ။ သူက တခြားကလပ်မှာ ရှိနေတဲ့ ကစားသမားတစ်ယောက်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …