
“ရော်နယ်ဒိုက အတိတ်မှာပဲ ကျန်ခဲ့ပြီ” လို့ ပြောလိုက်တဲ့ ကာစီမီယို


"ရော်နယ်ဒိုက အတိတ်မှာပဲ ကျန်ခဲ့ပြီ" လို့ ပြောလိုက်တဲ့ ကာစီမီယို



saul-niguez-casemiro-toni-kroos-real-madrid-atletico-madrid-uefa-super-cup-newsday-myanmar


newsday-myanmar-real-madrid-coach


Unicode version

“ရော်နယ်ဒိုက အတိတ်မှာ ကျန်ခဲ့ပါပြီ” လို့ ပြောလိုက်တဲ့ ကာစီမီယို

ဒီနေ့မနက် ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်သအင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂-၄ နဲ့ ရှုံးနိမ့်ရတာဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို မရှိတော့တာနဲ့ ပါဝင်ပတ်သက်နေတယ်လို့ လူအများက ဝေဖန်ပြောဆိုနေပေမယ့် ကွင်းလယ်ကစားသမား ကာစီမီယိုကတော့ ” ရော်နယ်ဒိုဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ”ဆိုပြီး သက်ဆိုင်မှုမရှိကြောင်း ပြောလိုက်ပါတယ်။

“ခရစ္စတီယာနိုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဆိုတာ ကျွန်တော်တို့ ဘယ်အရာနဲ့မှ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ သူ့အကြောင်းကို ဆက်ပြီး တွေးမနေသင့်တော့ဘူး”

“အသင်းမှာရှိတဲ့ ကစားသမားတွေအကြောင်းပဲ ဆွေးနွေးသင့်တယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး အားကောင်းချင်တယ်။ ပိုပြီး တောင့်တင်းသန်မာတဲ့ အသင်းတစ်သင်းဖြစ်ချင်တယ်။ ဒါပေမယ့် ခရစ္စတီယာနိုကတော့ အတိတ်မှာ ကျန်ခဲ့ပါပြီ” လို့ ကာစီမီယိုက အက်သလက်တီကိုမက်ဒရစ်အသင်းကို 2-4 နဲ့ ရှုံးနိမ့်ပြီးမှာ ပြောပါတယ်။

နည်းပြဟောင်း ဇီဒန်းက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီး ပို့ဆောင်ပေးခဲ့တဲ့ ဒီပြိုင်ပွဲကို နည်းပြသစ် လိုပီတီဂူအနေနဲ့ အောင်နိုင်ခြင်း မရှိတဲ့အတွက် လူအများက ဝေဖန်ပြောဆိုနေကြပါတယ်။ ဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကာစီမီယိုက သူတို့ရဲ့ နည်းပြသစ်အပေါ် အခုလိုပဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

“ဒီအခြေအနေဟာ အရာအားလုံးရဲ့ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့နည်းပြဟာ ကြီးမားတဲ့အလုပ်တစ်ခုကို လုပ်နေပါတယ်။ Julen (ရီးရဲလ်နည်းပြ) ကို ဝေဖန်ဖို့ အချိန်စောပါသေးတယ်။ မနေ့ညကရလဒ်နဲ့ ပတ်သက်ပြီး သူ့အလုပ်ကို မထိခိုက်စေချင်ဘူး” လို့ ကာစီမီယိုက ပြောလိုက်ပါတယ်။

Check Also

real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုလာရီ

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဆီဗီးလားအသင်းကို ၂-၀ အနိုင်ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဆန်တီယာဂီုဆိုလာရီကတော့ သူတို့အသင်းအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ …