သောမက်စ်မူလာ နေရာအစားထိုးဖို့ ဂျိမ်းစ်ကို ခေါ်တာမဟုတ်ဘူလို့ အန်စလော့တီပြော

ဘိုင်ယန်မြူးနစ်နည်းပြ အန်စလော့တီက ဂျိမ်းစ်ကို ခေါ်လိုက်တာဟာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်သူ သောမက်စ်မူလာရဲ့နေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မူလာဟာ ဒီနွေမှာ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ရရှိထားပြီး ပရီမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့ကလည်း မူလာကို စိတ်ဝင်စားနေခဲ့တယ်လို့ Bild မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အန်စလော့တီက မူလာကို ရောင်းဖို့ အစီအစဉ်မရှိသလို၊ ဂျိမ်းစ်ကို သူ့နေ့ရာမှာ အစားထိုးသွားမှာ မဟုတ်ကြောင်း အခုလို ပြောပါတယ်။

“အမှန်တကယ်တော့ သောမက်စ်မူလာ နေရာအစားထိုးဖို့ ဂျိမ်းစ်ကို ၀ယ်လိုက်တာ မဟုတ်ဘူး”

“ခင်ဗျားတို့အနေနဲ့ ဂျိမ်းစ်ကို အစားထိုးဖို့ ခေါ်လိုက်တာလို့ ထင်ရင် သီယာဂိုနေရာမှာ အစားထိုးနိုင်တယ်။ ဘာလို့လဲဆိုတော့ သူက ကွင်းလယ်မှာ ကစားနိုင်တယ်။ နောက်ပြီး သူက ဘယ်ဘက်ခြမ်းရော၊ ညာဘက်ခြမ်းပါ ကစားနိုင်တော့ ရော်ဘင်နဲ့ ရစ်ဘာရီတို့နေရာမှာ အစားထိုးသွားနိုင်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …