General view shows civilians at the scene of an explosion in Hodan district, Mogadishu

ဆိုမာလီ၏ၿမိဳ႕​ေတာ္​တြင္​ အ​ေသခံကားဗံုးခြဲ တိုက္​ခိုက္​မႈ​ေၾကာင္​့ လူ​ ၆ ​ဦး ​ေသဆံုး

Zawgyi Code version

ယ​ေန႔ စက္တင္ဘာ ၁၀ ရက္ နံနက္ပိုင္းက ဆိုမာလီႏိုင္​ငံ၊ မိုဂါဒီ႐ူၿမိဳတြင္ ဗံုးတပ္​ဆင္​ထား​ေသာ ကားတစ္​စီးသည္ အစိုးရ႐ုံးအတြင္​းသို႔ အ​ေသခံ​ေမာင္​းႏွင္​ဝင္​​ေရာက္​ခဲ့ရာ လူ​ေျခာက္​ဦး ​ေသဆံုးခဲ့ေၾကာင္း သိရသည္​။

ျဖစ္​စဥ္​မွာ အယ္​ကိုင္​ဒါ အယ္​ဆာဘတ္​တိုအဖြဲ႔ ႔ႏွင္​့ ဆက္​စပ္​​ေန​ေၾကာင္​း ေပါက္​ကြဲမႈ​ေၾကာင္​့ ထိခိုက္​ခဲ့သူမ်ား​၏ ေျပာျပခ်က္​အရ ​သိရသည္။ ​ေပါက္​ကြဲသံႀကီးက မိုဂါဒီ႐ူ ၿမိဳ႕ ဟိုဒန္​နယ္​​ေျမ႐ွိ အစိုးရ႐ုံးကို ဖ်က္​စီးခဲ့ၿပီး  ​ေကာင္​းကင္​ယံတြင္​ မီးခိုးလံုး​ေတြ လႊမ္​းမိုး​ေစခဲ့သည္​။ ‌႐ုိက္​တာ သတင္​းဌာန၏ ​ေဖာ္​ျပခ်က္​အရ ​ေသဆံုးသူမ်ား အနက္​ ငါးဦးသာ အ​ေလာင္​းျပန္​ရၿပီး တစ္​ဦးမွာ အပိုင္​းအစအျဖစ္​သာျပန္​ရ​ေၾကာင္​းသိရသည္​။

‌”ကြၽန္​​ေတာ္​တို႔ အ​ေလာင္​း​ေျခာက္​​ေလာင္​းနဲ႔ ဒဏ္​ရာရသူ ၁၆ ဦး ကို သယ္​ထုတ္​ခဲ့တယ္​။ ​ေနာက္​ထပ္​လည္​း ​ေသဆံုးသူအ​ေရအတြက္​ ထပ္​တိုးလာႏုိင္​ပါ​ေသးတယ္​” ဟု Amin အ​ေရး​ေပၚယာဥ္​ဝန္​​ေဆာင္​မႈ၏ အလုပ္​မႈ​ေဆာင္​ အပ္​ဒီခါဒါ အပ္​ဒီရာဟမ္​ က ႐ုိက္​ကို​ေျပာခဲ့သည္​။

‌မ်က္​ျမင္​သက္​​ေသျဖစ္​သူ ဟူစိန္​ အိုမန္​၏ ​ေျပာျပခ်က္​အရ 4×4 ယာဥ္​တစ္​စီးမွ အ​ေဆာက္​အအံုတြင္​းသို႔​ေမာင္​းႏွင္​ဝင္​​ေရာက္​ခဲ​့​ေၾကာင္​းသိရသည္​။ ‌ဟူစိန္​က ” ကြၽန္​​ေတာ္​က ႐ုံးအျပင္​ဘက္​မွာပဲ ႐ွိ​ေနခဲ့တာပါ။ ကားဝင္​သြားတာ​ေတြ႔လိုက္​တာနဲ႔ ကြၽန္​​ေတာ္​ အဲဒီေနရာကေန ထြက္​​ေျပးခဲ့ပါတယ္​။ ေနာက္​ျပန္​လွည္​့ၾကည္​့​လိုက္ေတာ့ ႐ုံးက ပ်က္​စီး​ေနပါၿပီ” ဟု ဆိုသည္​။

‌လြန္​ခဲ့သည္​့ ရက္သတၱပတ္​ကလည္​း မိုဂါဒီ႐ူ ၿမိဳ႕႐ွိ အစိုးရ႐ုံး တစ္​ခုတြင္​ အလားတူ အ​ေသခံဗံုးခြဲတိုက္​ခိုက္​မႈ ျဖစ္​ပြားခဲ့​ေသး​ေၾကာင္​း သိရသည္​။ ‌ဆိုမာလီ ျပည္​သူမ်ားအ​ေနႏွင္​့ မိုဟန္​စစ္​ဘာရာ စတင္​အုပ္​စိုးသည္​့ ၁၉၉၁ ခုႏွစ္​ကတည္​းက တရားဥပ​ေဒ စိုးမိုးျခင္​းမ႐ွိ​ေတာ့ဘဲ အၾကမ္​းဖက္​ခံ​ေနခဲ့ရသည္​ဟု သိရသည္​။

– Haru (NDM) | Ref: Reuters

Unicode version

ဆိုမာလီ၏မြို့တော်တွင် အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံး

ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဆိုမာလီနိုင်ငံ၊ မိုဂါဒီရူမြိုတွင် ဗုံးတပ်ဆင်ထားသော ကားတစ်စီးသည် အစိုးရရုံးအတွင်းသို့ အသေခံမောင်းနှင်ဝင်ရောက်ခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အယ်ကိုင်ဒါ အယ်ဆာဘတ်တိုအဖွဲ့နှင့် ဆက်စပ်နေကြောင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူများ၏ ပြောပြချက်အရ သိရသည်။ ပေါက်ကွဲသံကြီးက မိုဂါဒီရူ မြို့ ဟိုဒန်နယ်မြေရှိ အစိုးရရုံးကို ဖျက်စီးခဲ့ပြီး  ကောင်းကင်ယံတွင် မီးခိုးလုံးတွေ လွှမ်းမိုးစေခဲ့သည်။ ‌ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ သေဆုံးသူများ အနက် ငါးဦးသာ အလောင်းပြန်ရပြီး တစ်ဦးမှာ အပိုင်းအစအဖြစ်သာပြန်ရကြောင်းသိရသည်။

General view shows civilians at the scene of an explosion in Hodan district, Mogadishu

“ကျွန်တော်တို့ အလောင်းခြောက်လောင်းနဲ့ ဒဏ်ရာရသူ ၁၆ ဦး ကို သယ်ထုတ်ခဲ့တယ်။ နောက်ထပ်လည်း သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါသေးတယ်” ဟု Amin အရေးပေါ်ယာဉ်ဝန်ဆောင်မှု၏ အလုပ်မှုဆောင် အပ်ဒီခါဒါ အပ်ဒီရာဟမ် က ရိုက်ကိုပြောခဲ့သည်။

‌မျက်မြင်သက်သေဖြစ်သူ ဟူစိန် အိုမန်၏ ပြောပြချက်အရ 4×4 ယာဉ်တစ်စီးမှ အဆောက်အအုံတွင်းသို့မောင်းနှင်ဝင်ရောက်ခဲ့ကြောင်းသိရသည်။ ‌ဟူစိန်က ” ကျွန်တော်က ရုံးအပြင်ဘက်မှာပဲ ရှိနေခဲ့တာပါ။ ကားဝင်သွားတာတွေ့လိုက်တာနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်ပြန်လှည့်ကြည့်လိုက်တော့ ရုံးက ပျက်စီးနေပါပြီ” ဟု ဆိုသည်။

‌လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း မိုဂါဒီရူ မြို့ရှိ အစိုးရရုံး တစ်ခုတွင် အလားတူ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ‌ဆိုမာလီ ပြည်သူများအနေနှင့် မိုဟန်စစ်ဘာရာ စတင်အုပ်စိုးသည့် ၁၉၉၁ ခုနှစ်ကတည်းက တရားဥပဒေ စိုးမိုးခြင်းမရှိတော့ဘဲ အကြမ်းဖက်ခံနေခဲ့ရသည်ဟု သိရသည်။

– Haru (NDM) | Ref: Reuters