စပိန္ႏိုင္ငံအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ရီးရဲလ္မက္ဒရစ္ကလူေတြ ဘယ္ေလာက္ပါလဲ

Zawgyi Version

စပိန္ႏိုင္ငံအသင္းဟာ နည္းျပသစ္ လူး၀စ္အင္းနရစ္ရဲ႕ လက္ထက္ အိမ္ကြင္းပထမဆံုးပြဲမွာ ကမာၻ႕ဖလားဗိုလ္လုပြဲအဆင့္ထိ တက္လွမ္းႏိုင္ခဲ့တဲ့ ခရိုးေအးရွားအသင္းကို ဂိုးဒါဇင္၀က္ သြင္းၿပီး အႏိုင္ရသြားခဲ့ပါတယ္။ ခရိုးေအးရွားအသင္းအတြက္ ဒီရံႈးနိမ့္မႈဟာ သမိုင္းမွာ အႀကီးမားဆံုးရံႈးနိမ့္မႈတစ္ရပ္ ျဖစ္သြားခဲ့ပါတယ္။

Spain have rattled in the goals against Croatia to take charge of their Nations League group

စပိန္ႏိုင္ငံအသင္းဟာ ရီးရဲလ္မက္ဒရစ္ကလပ္မွ အသင္းသားေတြ ဖြဲ႕စည္းထားသလို ျဖစ္ေနၿပီး ပြဲထြက္လူစာရင္းမွာလည္း ကာဗာဂ်ယ္၊ ရာမို႔စ္၊ နာခ်ဳိ၊ ဆီဘယ္လိုစ္၊ အစၥကို၊ အဆန္စီရို စတဲ့ ရီးရဲလ္မက္ဒရစ္ ကစားသမားေတြ ၆ ေယာက္အထိ ပါ၀င္ခဲ့တာ ေတြ႕ရပါတယ္။ ဒါနဲ႔ ပတ္သက္၍ ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ ရီးရဲလ္မက္ဒရစ္အသင္းသားေတြ ဘယ္ေလာက္အထိ ပါ၀င္ခဲ့သလဲလို႔ ေမးၾကည့္ေတာ့ အင္းနရစ္က အခုလိုပဲ ေျဖၾကားသြားခဲ့ပါတယ္။

“သူတို႔ေတြ ဘယ္ေလာက္ပါလဲဆိုတာ ကၽြန္ေတာ္မသိဘူး။ ဒါကိုလည္း ဂရုစိုက္ေနတာ မဟုတ္ဘူး” လို႔ ဘာစီလိုနာနည္းျပေဟာင္း အင္းနရစ္က ေျပာပါတယ္။

enrique-conference-newsdaymyanmar

“စပိန္ႏိုင္ငံအသင္းက သူတို႔ေတြအားလံုးကို ပိုင္တယ္္။ ဒီထက္မပိုဘူး။ သူတို႔အားလံုး အသင္းတစ္သင္းထဲကပဲ ျဖစ္ျဖစ္ တျခားအသင္းေတြထဲကပဲ ျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ ႏိုင္ငံအသင္းဂ်ာစီ၀တ္ဆင္ထားတာကိုပဲ ျမင္ေနရတယ္”

“ႏိုင္ငံအသင္းနဲ႔ ကလပ္အသင္းကို ႏိႈင္းယွဥ္ဖို႕ စိတ္ဆႏၵမရွိဘူး။ ကၽြန္ေတာ္တို႔အားလံုး ကိုယ္ပိုင္အေတြးအေခၚနဲ႔ ေဘာလံုးကစားၾကတယ္။ ဒီေန႔ ကစားသြားတာ တကယ့္ကို အံ့မခန္းေလာက္စရာပဲ။ အစပိုင္းမွာ သံသယေတြနဲ႔ စတင္ခဲ့ေပမဲ့ မယံုႏိုင္တဲ့ သြင္းဂိုးေတြနဲ႔ အေကာင္းဆံုး ျဖစ္ခဲ့တယ္” လို႔ အင္းနရစ္က ေျပာလိုက္ပါတယ္။

Unicode version

စပိန်နိုင်ငံအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ရီးရဲလ်မက်ဒရစ်ကစားသမားတွေ ဘယ်လောက်ပါလဲ? အမေးကို အင်းနရစ် ဘယ်လိုဖြေကြားသွားလဲ

enrique-ramos-newsdaymyanmar

စပိန်နိုင်ငံအသင်းဟာ နည်းပြသစ် လူးဝစ်အင်းနရစ်ရဲ့ လက်ထက် အိမ်ကွင်းပထမဆုံးပွဲမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ ခရိုးအေးရှားအသင်းကို ဂိုးဒါဇင်ဝက် သွင်းပြီး အနိုင်ရသွားခဲ့ပါတယ်။ ခရိုးအေးရှားအသင်းအတွက် ဒီရှုံးနိမ့်မှုဟာ သမိုင်းမှာ အကြီးမားဆုံးရှုံးနိမ့်မှုတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

စပိန်နိုင်ငံအသင်းဟာ ရီးရဲလ်မက်ဒရစ်ကလပ်မှ အသင်းသားတွေ ဖွဲ့စည်းထားသလို ဖြစ်နေပြီး ပွဲထွက်လူစာရင်းမှာလည်း ကာဗာဂျယ်၊ ရာမို့စ်၊ နာချို၊ ဆီဘယ်လိုစ်၊ အစ္စကို၊ အဆန်စီရို စတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ၆ ယောက်အထိ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်၍ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းသားတွေ ဘယ်လောက်အထိ ပါဝင်ခဲ့သလဲလို့ မေးကြည့်တော့ အင်းနရစ်က အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“သူတို့တွေ ဘယ်လောက်ပါလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါကိုလည်း ဂရုစိုက်နေတာ မဟုတ်ဘူး” လို့ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်က ပြောပါတယ်။

“စပိန်နိုင်ငံအသင်းက သူတို့တွေအားလုံးကို ပိုင်တယ်။ ဒီထက်မပိုဘူး။ သူတို့အားလုံး အသင်းတစ်သင်းထဲကပဲ ဖြစ်ဖြစ် တခြားအသင်းတွေထဲကပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ နိုင်ငံအသင်းဂျာစီဝတ်ဆင်ထားတာကိုပဲ မြင်နေရတယ်”

“နိုင်ငံအသင်းနဲ့ ကလပ်အသင်းကို နှိုင်းယှဉ်ဖို့ စိတ်ဆန္ဒမရှိဘူး။ ကျွန်တော်တို့အားလုံး ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘောလုံးကစားကြတယ်။ ဒီနေ့ ကစားသွားတာ တကယ့်ကို အံ့မခန်းလောက်စရာပဲ။ အစပိုင်းမှာ သံသယတွေနဲ့ စတင်ခဲ့ပေမဲ့ မယုံနိုင်တဲ့ သွင်းဂိုးတွေနဲ့ အကောင်းဆုံး ဖြစ်ခဲ့တယ်” လို့ အင်းနရစ်က ပြောလိုက်ပါတယ်။

happy-bunch-of-spaniards

Check Also

real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ္မက္ဒရစ္အတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုလာရီ

ရီးရဲလ္မက္ဒရစ္အသင္းဟာ မေန႔က ဆီဗီးလားအသင္းကို ၂-၀ အႏိုင္ရၿပီးေနာက္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ေနရာသို႔ ေရာက္လာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ဆန္တီယာဂီုဆိုလာရီကေတာ့ သူတို႔အသင္းအတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ …