"ကေလာ့ပ္က ဗိုလ္လုပြဲေတြမွာရံႈးေလ့ရွိတဲ့ နည္းျပပါ" လို႔ စကားနာထိုးလိုက္တဲ့ ရာမို႕စ္

“ကေလာ့ပ္က ဗိုလ္လုပြဲေတြမွာရံႈးေလ့ရွိတဲ့ နည္းျပပါ” လို႔ စကားနာထိုးလိုက္တဲ့ ရာမို႕စ္

ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဆာဂ်ီယိုရာမို႕စ္ကေတာ့ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး သူ႕ကို ေ၀ဖန္မႈေတြ အႀကိမ္ႀကိမ္ ျပဳလုပ္ေနတဲ့ လီဗာပူးလ္နည္းျပ ဂ်ာဂင္ကေလာ့ပ္ကို ေနာက္ဆံုးမွာေတာ့ နည္းျပအလုပ္ကိုပါ ထိပါးၿပီး စကားနားထိုးလိုက္ပါတယ္။

Getty-Images-Europe_Real-Madrid-v-Atletico-Madrid-UEFA-Super-Cup-Previews

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ ၿပီးဆံုးသြားၿပီး ဖလားကို  ရီးရဲလ္မက္ဒရစ္အသင္းက သယ္ေဆာင္သြားေပမယ့္ ရာမို႕စ္နဲ႔ ကေလာ့ပ္တို႔ရဲ႕ စကားစစ္ပြဲကေတာ့ အခုအခ်ိန္အထိ မၿပီးေသးပါဘူး။ ကေလာ့ပ္က ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ ရာမို႔စ္ေၾကာင့္ သူ႕ကစားသမား ဆာလက္ ပခံုး ဒဏ္ရာ ရရွိသြားၿပီး ရံႈးနိမ့္သြားတယ္ဟု ဆိုကာ ေ၀ဖန္မႈေတြ ျပဳလုပ္ေနခဲ့တာ ျဖစ္ပါတယ္။

“ဗုိလ္​လုပြဲမွာ ဆာလက္ ဒဏ္​ရာရခဲ့တာဟာ အ​ေျပာင္​းအလဲ​ေတြ ျဖစ္​​ေစခဲ့တယ္​ဆုိတာ လူတိုင္​းသိၾကပါတယ္​။  ရာမို႕စ္ဆီက ဒီလုိပံုစံမ်ိဳး ကၽြန္ေတာ္ ေမွ်ာ္လင့္ မထားဘူး။ ရီးရဲလ္မက္ဒရစ္က ခ်န္ပီယံလိဂ္ဖလားနဲ႔ ထိုက္တန္ပါတယ္။ ဒါေပမယ့္ ရာမို႕စ္ရဲ႕ လုပ္ရက္ကေတာ့ မျဖစ္သင့္ပါဘူး” ဟု ဆုိတာ ကေလာ့ပ္က ရာမို႔စ္ကို ၾကမ္းၾကဳတ္ရက္စက္သူႀကီးလို႔ ဂုဏ္ပုဒ္ေပးခဲ့တာ ျဖစ္ပါတယ္။

Europe_Real-Madrid-v-Atletico-Madrid-UEFA-Super-Cup-Previews

ဒါေပမယ့္ ရာမုိ႕စ္ကေတာ့ “မိုဟာမက္ဆာလက္ရဲ႕ လက္ေမာင္းကို ကၽြန္ေတာ္က အတင္းဆြဲခဲ့တာမဟုတ္ဘူး။ ကၽြန္ေတာ့လက္ေမာင္းကို သူ အရင္ဆြဲတာ။ ဒါဟာ ကေလာ့ပ္အတြက္ ပထမဦးဆံုး ရံႈးတဲ့ဖိုင္နယ္ပြဲလည္း မဟုတ္ပါဘူး” လို႔ ရာမို႕စ္က ေျပာပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ရာမို႕စ္ဟာ ကေလာ့ပ္ရဲ႕ နည္းျပသက္တမ္းတစ္ေလွ်ာက္ ဗိုလ္လုပြဲ အေတြ႕ႀကံဳေတြကို ေသခ်ာစြာ ေလ့လာလိုက္ၿပီး အမိအရ စကားနာထိုးလိုက္တာ ျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ဗိုလ္လုပြဲေတြမွာ တစ္ပြဲသာ အႏိုင္ရဖူးၿပီး ၆ ပြဲ ရံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ “သူဟာ ဒီအရံႈးအတြက္ ဆာလက္ ဒဏ္ရာရတာကုိ အေၾကာင္းျပခ်က္အေနနဲ႕ အသံုးျပဳခ်င္တာ ျဖစ္ေကာင္း ျဖစ္ႏုိင္တယ္။ က​ေလာ့ အ​ေနနဲ႔ သူ႕အလုပ္ကိုပဲ သူစိတ္​ပူသင္​့ပါတယ္​” လို႔ ရာမို႕စ္က ေျပာလိုက္ပါတယ္။

Unicode version

“ကလော့ပ်က ဗိုလ်လုပွဲတွေမှာရှုံးလေ့ရှိတဲ့ နည်းပြပါ” လို့ စကားနာထိုးလိုက်တဲ့ ရာမို့စ်

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဆာဂျီယိုရာမို့စ်ကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့ကို ဝေဖန်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတဲ့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ကို နောက်ဆုံးမှာတော့ နည်းပြအလုပ်ကိုပါ ထိပါးပြီး စကားနားထိုးလိုက်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ပြီးဆုံးသွားပြီး ဖလားကို  ရီးရဲလ်မက်ဒရစ်အသင်းက သယ်ဆောင်သွားပေမယ့် ရာမို့စ်နဲ့ ကလော့ပ်တို့ရဲ့ စကားစစ်ပွဲကတော့ အခုအချိန်အထိ မပြီးသေးပါဘူး။ ကလော့ပ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရာမို့စ်ကြောင့် သူ့ကစားသမား ဆာလက် ပခုံး ဒဏ်ရာ ရရှိသွားပြီး ရှုံးနိမ့်သွားတယ်ဟု ဆိုကာ ဝေဖန်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

“ဗိုလ်လုပွဲမှာ ဆာလက် ဒဏ်ရာရခဲ့တာဟာ အပြောင်းအလဲတွေ ဖြစ်စေခဲ့တယ်ဆိုတာ လူတိုင်းသိကြပါတယ်။  ရာမို့စ်ဆီက ဒီလိုပုံစံမျိုး ကျွန်တော် မျှော်လင့် မထားဘူး။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ရာမို့စ်ရဲ့ လုပ်ရက်ကတော့ မဖြစ်သင့်ပါဘူး” ဟု ဆိုတာ ကလော့ပ်က ရာမို့စ်ကို ကြမ်းကြုတ်ရက်စက်သူကြီးလို့ ဂုဏ်ပုဒ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရာမို့စ်ကတော့ “မိုဟာမက်ဆာလက်ရဲ့ လက်မောင်းကို ကျွန်တော်က အတင်းဆွဲခဲ့တာမဟုတ်ဘူး။ ကျွန်တော့လက်မောင်းကို သူ အရင်ဆွဲတာ။ ဒါဟာ ကလော့ပ်အတွက် ပထမဦးဆုံး ရှုံးတဲ့ဖိုင်နယ်ပွဲလည်း မဟုတ်ပါဘူး” လို့ ရာမို့စ်က ပြောပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရာမို့စ်ဟာ ကလော့ပ်ရဲ့ နည်းပြသက်တမ်းတစ်လျှောက် ဗိုလ်လုပွဲ အတွေ့ကြုံတွေကို သေချာစွာ လေ့လာလိုက်ပြီး အမိအရ စကားနာထိုးလိုက်တာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ ဗိုလ်လုပွဲတွေမှာ တစ်ပွဲသာ အနိုင်ရဖူးပြီး ၆ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ “သူဟာ ဒီအရှုံးအတွက် ဆာလက် ဒဏ်ရာရတာကို အကြောင်းပြချက်အနေနဲ့ အသုံးပြုချင်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကလော့ အနေနဲ့ သူ့အလုပ်ကိုပဲ သူစိတ်ပူသင့်ပါတယ်” လို့ ရာမို့စ်က ပြောလိုက်ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …