sergio-ramos-hits-back-cristiano-ronaldo-dig-real-madrid
“ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ထက် မြင့်မြတ်တဲ့ ကစားသမား မဟုတ်ဘူး” လို့ ပြောလိုက်တဲ့ ရာမို့စ်
"ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ထက် မြင့်မြတ်တဲ့ ကစားသမား မဟုတ်ဘူး" လို့ ပြောလိုက်တဲ့ ရာမို့စ်
Ronaldo Buffon newsday myanmar (1)
"ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ထက် မြင့်မြတ်တဲ့ ကစားသမား မဟုတ်ဘူး" လို့ ပြောလိုက်တဲ့ ရာမို့စ်
Unicode version
“ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ထက် မမြင့်မြတ်ပါဘူး” လို့ ပြောလိုက်တဲ့ ရာမို့စ်
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ဂျူဗင်တပ်အသင်းရဲ့ လူစာရင်းဟာ ရီးရဲလ်မက်ဒရစ်မှာ ရှိတဲ့ ကစားသမားတွေထက် ပိုပြီး မိသားစုဆန်တယ်လို့ ပြောကြားပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီရာမို့စ်က အခုလို ချေပပြောဆိုလိုက်ပါတယ်။
“ရီးရဲလ်မက်ဒရစ်မှာလည်း မိသားစုလို ခံစားရပါတယ်။ ဒါ့ကြောင့် သူ ဘာတွေ ပြောခဲ့လဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တာ်တို့အသင်းဟာ အောင်မြင်မှုတွေ အများကြီး ရရှိပြီးပြီ။ ဒါဟာ မိသားစုစိတ်ဓာတ်ကြောင့်ပဲ။ နောက်ပြီး  သူက ကျွန်တော်တို့ရဲ့မိသားစုဝင်တွေထဲက တစ်ယောက်ပဲ။ ကျွန်တော်တို့ကတော့ ဆက်ပြီး အောင်ပွဲတွေ ရယူ သွားဦးမှာပါပဲ” လို့ ရာမို့စ်က ပြောပါတယ်။
ရော်နယ်ဒိုဟာ ပြောင်းရွှေ့ကြေး ပေါင် 99.2 သန်းနဲ့ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
“ခရစ္စတီယာနိုရော်နယ်ဒိုလို ကစားသမားမျိုး ဆုံးရှုံးရတာဟာ အသင်းအတွက် အနုတ်သင်္ကေတတစ်ခုဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်နိုင်တယ်။ ရီးရဲလ်မက်ဒရစ် သမိုင်းမှာ ကစားသမားတွေ အများကြီးရောက်လာတယ်။ နောက်ပြီး ထွက်သွားတယ်။ ဒါပေမယ့် မက်ဒရစ်ကတော့ ရှေ့ဆက်အောင်ပွဲတွေ ခံနေအုံးမှာပါပဲ”
“ရီးရဲလ်မက်ဒရစ်ရဲ့ အထက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မရှိဘူး။ ဘာတွေပဲ ဖြစ်နေဖြစ်နေ ရီးရဲလ်မက်ဒရစ်ကေတာ့ ရှေ့ဆက်နေမှာပဲ။ ထွက်ခွာဖို့ ဆုံးဖြတ်တာတော့ သူ့ရွေးချယ်မှုပဲ”
“ကျွန်တော်ဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ မဟုတ်ပေမယ့် အသင်းဆီ လာချင်တဲ့လူတိုင်းကို အမြဲတမ်း တံခါးဖွင့်ထားတယ်။ ရော်နယ်ဒိုကို ဆုံးရှုံးရတာဟာ နာကျင်ရပါတယ်။ ဒါပေမယ့် အသင်းထက် မြင့်မြတ်တဲ့ ကစားသမား မရှိဘူး။ ကျွန်တော်တို့ဟာ အခုအချိန်အထိ အောင်မြင်မှုတွေ အရယူဖို့ ဆာလောင်နေဆဲပဲ” လို့ ရာမို့စ်က ပြောလိုက်ပါတယ်။
Check Also
real-madrid-nothing-impossible-solari-refuses-give-title-race
ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုလာရီ
ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဆီဗီးလားအသင်းကို ၂-၀ အနိုင်ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဆန်တီယာဂီုဆိုလာရီကတော့ သူတို့အသင်းအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ …