အသင္းသားေတြရဲ႕ ႏိုင္လိုစိတ္ မရွိမႈကို ၾကည့္ၿပီး ေဒါသထြက္ေနတဲ့ ဆာရီ

အာဆင္နယ္အသင္းကို ၂-၀ ရလဒ္ျဖင့္ ရံႈးနိမ့္တဲ့ပြဲမွာ ခ်ဲလ္ဆီးအသင္းသားေတြဟာ ႏိုင္လိုစိတ္ လံုး၀ မျပင္းထန္ခဲ့ၾကဘူးလို႔ နည္းျပႀကီး ဆာရီက ရံႈ႕ခ်ေျပာဆိုလိုက္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ပြဲခ်ိန္ ၁၄ မိနစ္မွာ လာကာဇက္ရဲ႕ ဦးေဆာင္ဂိုး ခြင့္ျပဳလိုက္ရၿပီး ေနာက္ထပ္ ၂၅ မိနစ္အၾကာမွာ ကိုစီကလင္နီက ထပ္မံဂိုးသြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ႏို၀င္ဘာလထဲက စပါးစ္အသင္းကို ၃-၁ ျဖင့္ ရံႈးနိမ့္တဲ့ပြဲကို ႏိႈင္းယွဥ္ၾကည့္ရင္ အသင္းသားေတြဟာ လံုး၀ကို အႏိုင္မခံခ်င္စိတ္မရွိေၾကာင္း ဆာရီက အခုလို ေျပာပါတယ္။

“ဒီေန႔ ကၽြန္ေတာ့္အသင္းသားေတြရဲ႕ လုပ္ရည္ကိုင္ရည္ကို အရမ္းေဒါသထြက္မိတယ္” လို႔ ဆာရီက ေျပာပါတယ္။

“အားေကာင္းတဲ့အသင္းနဲ႔ ယွဥ္ၿပိဳင္တဲ့အခါ ခက္ခဲမႈေတြထဲက အေကာင္းဆံုးကို ရွာေဖြႏိုင္ရမွာေပါ့။ ဒါေပမဲ့ ဒီထက္ပိုၿပီး မေခ်ပႏိုင္ခဲ့ဘူး။ ကၽြန္ေတာ္တို႔အသင္းမွာ စိတ္ဓါတ္ျပင္းထန္ဖုိ႔ အရမ္းကို ခက္ခဲေနတယ္။ ဒါဟာ ျပႆနာတစ္ခုပဲ”

“အရံႈးဆိုတာကို မႀကိဳက္ဘူး။ ဒီရံႈးနိမ့္မႈက ကၽြန္ေတာ္တို႔ကို စိတ္ဓါတ္က်သြားေစတယ္” လို႔ ဆာရီက ေျပာလိုက္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္အသင္းကို ရံႈးနိမ့္ခဲ့ေပမဲ့ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ မွာ ဆက္လက္ရပ္တည္ေနၿပီး ေနာက္ႏွစ္ ခ်န္ပီယံလိဂ္၀င္ခြင့္ရႏိုင္ေသးတဲ့ အေနအထားမွာ ရွိေနပါေသးတယ္။

Unicode version

အသင်းသားတွေရဲ့ နိုင်လိုစိတ် မရှိမှုကို ကြည့်ပြီး ဒေါသထွက်နေတဲ့ ဆာရီ

အာဆင်နယ်အသင်းကို ၂-၀ ရလဒ်ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ချဲလ်ဆီးအသင်းသားတွေဟာ နိုင်လိုစိတ် လုံး၀ မပြင်းထန်ခဲ့ကြဘူးလို့ နည်းပြကြီး ဆာရီက ရှုံ့ချပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပွဲချိန် ၁၄ မိနစ်မှာ လာကာဇက်ရဲ့ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီး နောက်ထပ် ၂၅ မိနစ်အကြာမှာ ကိုစီကလင်နီက ထပ်မံဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလထဲက စပါးစ်အသင်းကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲကို နှိုင်းယှဉ်ကြည့်ရင် အသင်းသားတွေဟာ လုံးဝကို အနိုင်မခံချင်စိတ်မရှိကြောင်း ဆာရီက အခုလို ပြောပါတယ်။

“ဒီနေ့ ကျွန်တော့်အသင်းသားတွေရဲ့ လုပ်ရည်ကိုင်ရည်ကို အရမ်းဒေါသထွက်မိတယ်” လို့ ဆာရီက ပြောပါတယ်။

“အားကောင်းတဲ့အသင်းနဲ့ ယှဉ်ပြိုင်တဲ့အခါ ခက်ခဲမှုတွေထဲက အကောင်းဆုံးကို ရှာဖွေနိုင်ရမှာပေါ့။ ဒါပေမဲ့ ဒီထက်ပိုပြီး မချေပနိုင်ခဲ့ဘူး။ ကျွန်တော်တို့အသင်းမှာ စိတ်ဓါတ်ပြင်းထန်ဖို့ အရမ်းကို ခက်ခဲနေတယ်။ ဒါဟာ ပြဿနာတစ်ခုပဲ”

“အရှုံးဆိုတာကို မကြိုက်ဘူး။ ဒီရှုံးနိမ့်မှုက ကျွန်တော်တို့ကို စိတ်ဓါတ်ကျသွားစေတယ်” လို့ ဆာရီက ပြောလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာ ဆက်လက်ရပ်တည်နေပြီး နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။

Check Also

Eden Hazard of Chelsea during the Premier League match at Stamford Bridge, London

ခ်ဲလ္ဆီးအသင္းအတြက္ ယူရိုပါလိဂ္ဖလား ဆြတ္ခူးေပးခ်င္တယ္လို႔ ေျပာလိုက္တဲ့ ဟာဇတ္

ခ်ဲလ္ဆီး ၾကယ္ပြင့္ အီဒင္ဟာဇတ္ဟာ ကလပ္နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့တာေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔ စတမ္းဖို႔ဘရစ္ကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနတယ္လို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚလာခဲ့ပါတယ္။ …