“ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ” – အီတူး
အီတူးဟာ ၂၀၀၄ ခုနှစ်တုန်းက ဘာစီလိုနာသို့ ရောက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အင်တာမီလန်သို့ ဇလာတန်အီဗရာဟီမိုဗစ်ခ်ျနဲ့ အလဲအထပ်လုပ်ပြီး ရောင်းထုတ်ခံလိုက်ရသူ ဖြစ်ပါတယ်။
"ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ" - အီတူး
"ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ" - အီတူး
Unicode version
“ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ” လို့ ပြောလိုက်တဲ့ အီတူး
ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူးကတော့ နည်းပြ ပပ်ဂွာဒီယိုလာရဲ့ နည်းစနစ် ချုပ်ကိုင်မှုတွေကို အပြစ်တင် ရှုံ့ချလိုက်ပြီး ဘာစီလိုနာကို အနိုင်ရအောင် စွမ်းပေးခဲ့သူက မက်ဆီမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
အီတူးဟာ ၂၀၀၄ ခုနှစ်တုန်းက ဘာစီလိုနာသို့ ရောက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အင်တာမီလန်သို့ ဇလာတန်အီဗရာဟီမိုဗစ်ချ်နဲ့ အလဲအထပ်လုပ်ပြီး ရောင်းထုတ်ခံလိုက်ရသူ ဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ ပထမရာသီမှာ အီတူးဟာ လာလီဂါဖလား၊ စပိန်ဘုရင့်ဖလား နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီး ပွဲပေါင်း ၅၂ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်မှာ မက်ဆီက ပွဲပေါင်း ၅၁ ပွဲမှာ ၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဂွာဒီယိုလာရဲ့ မျက်နှာသာပေးခြင်း ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အီတူးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
“ပပ်က ဘာစီလိုနာမှာ သူ့ဘဝတစ်လျှောက်လုံး နေလာခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာစီလိုနာမှာ နေခဲ့စဉ်အချိန်တုန်းက သူဟာ အသင်းအကြောင်း နားမလည်ခဲ့ဘူး” လို့ အီတူးက beIN Sports မှာ ပြောပါတယ်။
“ဒါနဲ့ ကျွန်တော်က ဂွာဒီယိုလာကို ပြောခဲ့တယ်။ – ခင်ဗျား ကျွန်တော့်ကို တောင်းပန်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာကို နိုင်ပွဲတွေရအောင် ကူညီပေးခဲ့သူက ကျွန်တော်ပဲ။ မက်ဆီ မဟုတ်ဘူး”
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇာဗီ၊ အင်နီယေစတာ နဲ့ တခြားကစားသမားတွေကို မေးမြန်းကြည့်နိုင်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ခေတ်ပဲ” လို့ အီတူးက ပြန်ပြောပြခဲ့ပါတယ်။
Check Also
i-want-to-stay-alba-hoping-to-remain-with-barcelona-as
ကလပ်ကို ချစ်လို့ ဒီမှာပဲ ဆက်နေသွားချင်တယ်လို့ ပြောလိုက်တဲ့ ဂျော်ဒီအယ်ဘား
Zawgyi version ဘာစီလိုနာ နောက်ခံကစားသမား ဂျော်ဒီအယ်ဘားဟာ နောက်ရာသီဆိုရင် စာချုပ်သက်တမ်း ကုန်ဆုံးပါပြီ။ ဒါပေမဲ့ သူဟာ ဘာစီလိုနာအသင်းကို ချစ်တာကြောင့် ဒီမှာပဲ ဆက်နေချင်ကြောင်း အခုလို …