salah-will-be-motivated-criticism-henderson

ဒိုင္ဗင္ထိုးတယ္ဆိုၿပီး ေ၀ဖန္ခံရတဲ့ ဆာလက္ဘက္က ရပ္တည္လုိက္တဲ့ ဟန္ဒါဆန္

Zawgyi Version

လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆန္က ” ေ၀ဖန္မႈခံရေလေလ မိမိဟာ ပိုၿပီးေကာင္းလာတဲ့ ကစားသမား ျဖစ္လာေလေလ ” ဆိုၿပီး တိုက္စစ္မွဴး ဆာလက္ဘက္ ရပ္တည္ၿပီး အားေပးစကားေျပာလိုက္ပါတယ္။

ဆာလက္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းက ဒိုင္ဗင္ထိုးတယ္ဆိုၿပီး ေ၀ဖန္ခံခဲ့ရတာ ျဖစ္ပါတယ္။ စေနေန႔က ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ဘရိုက္တန္နဲ႔ပြဲမွာလည္း ဒိုင္ဗင္ထိုးခဲ့တာေၾကာင့္ ပင္နယ္တီ ကန္သြင္းခြင့္ ရခဲ့ပါတယ္။

မႏွစ္က ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဆာလက္ဟာ ယခုႏွစ္မွာလည္း ပရီးမီးယားလိဂ္ ၂၂ ပြဲမွာ ၁၄ ဂိုးသြင္းၿပီး ၇ ႀကိမ္ ဖန္တီးေပးထားပါတယ္။

ဟန္ဒါဆန္ကေတာ့ ေ၀ဖန္မႈေတြၾကားထဲက ေရွ႕ဆက္သြားႏိုင္ရင္ အျမင့္သို႔ေရာက္မွာပဲဆိုၿပီး အသက္ ၂၆ ႏွစ္အရြယ္ အီဂ်စ္သားကို ကာကြယ္ေျပာသြားခဲ့ပါတယ္။

“တစ္ခါတရံမွာ တခ်ဳိ႕ပရိသတ္ေတြ ျမင္ေကာင္းမျမင္ရတဲ့ အရာေတြကို သူလုပ္မိလိမ့္မယ္။ ဒါေပမဲ့ သူ႕ကို ပရိသတ္ေတြက သေဘာက်လိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက ကမာၻ႕ထိပ္တန္းကစားသမားတစ္ဦး ျဖစ္ေနလို႔ပဲ” ဆိုၿပီး ကြင္းလယ္မွဴးက UK သတင္းစာကို ေျပာပါတယ္။

“ဘရိုက္တန္နဲ႔ပြဲတုန္းက ပင္နယ္တီရခဲ့တယ္။ ရွင္းပါတယ္ ဒါက ျပစ္ဒဏ္ေဘာပါ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘာမွေျပာစရာမရွိဘူး။ ပရိသတ္ေတြက ဖိအားေပးဖို႔ ႀကိဳးစားေနမယ္ဆိုရင္ေတာ့ သူ႕ကို ဒီထက္ပိုေကာင္းေအာင္ လုပ္ေနသလို ျဖစ္ေနမွာပဲ။ ဒါက သူ႕ကို ေႏွာင့္ယွက္မႈ မျဖစ္ေစဘူး။ သူက အရမ္းစိတ္ဓါတ္ မာေက်ာတယ္။ ဒါကို ကၽြန္ေတာ္တို႔အားလံုးသိတယ္”

“သူ႔ကို လူေတြက တိုက္ခိုက္ေလ။ အဲဒီလူေတြ မွားတယ္ဆိုတာ သူက သက္ေသျပခ်င္ေလပဲ” လို႔ ဟန္ဒါဆန္က ေျပာလိုက္ပါတယ္။

အမွတ္ေပးဇယားကို ထိပ္ဆံုးက ၄ မွတ္ျဖတ္ၿပီး ဦးေဆာင္ေနတဲ့ လီဗာပူးလ္အသင္းဟာ လာမယ့္ စေနေန႔မွာ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ယွဥ္ၿပိဳင္ဖို႔ ရွိေနပါတယ္။

Unicode version

ဒိုင်ဗင်ထိုးတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဆာလက်ကို အားပေးစကားပြောလိုက်တဲ့ ဟန်ဒါဆန်

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ” ဝေဖန်မှုခံရလေလေ မိမိဟာ ပိုပြီးကောင်းလာတဲ့ ကစားသမား ဖြစ်လာလေလေ ” ဆိုပြီး တိုက်စစ်မှူး ဆာလက်ဘက် ရပ်တည်ပြီး အားပေးစကားပြောလိုက်ပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ဒိုင်ဗင်ထိုးတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ စနေနေ့က ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာလည်း ဒိုင်ဗင်ထိုးခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပါတယ်။ မနှစ်က ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာလက်ဟာ ယခုနှစ်မှာလည်း ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၁၄ ဂိုးသွင်းပြီး ၇ ကြိမ် ဖန်တီးပေးထားပါတယ်။

ဟန်ဒါဆန်ကတော့ ဝေဖန်မှုတွေကြားထဲက ရှေ့ဆက်သွားနိုင်ရင် အမြင့်သို့ရောက်မှာပဲဆိုပြီး အသက် ၂၆ နှစ်အရွယ် အီဂျစ်သားကို ကာကွယ်ပြောသွားခဲ့ပါတယ်။

“တစ်ခါတရံမှာ တချို့ပရိသတ်တွေ မြင်ကောင်းမမြင်ရတဲ့ အရာတွေကို သူလုပ်မိလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ပရိသတ်တွေက သဘောကျလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦး ဖြစ်နေလို့ပဲ” ဆိုပြီး ကွင်းလယ်မှူးက UK သတင်းစာကို ပြောပါတယ်။

“ဘရိုက်တန်နဲ့ပွဲတုန်းက ပင်နယ်တီရခဲ့တယ်။ ရှင်းပါတယ် ဒါက ပြစ်ဒဏ်ဘောပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူး။ ပရိသတ်တွေက ဖိအားပေးဖို့ ကြိုးစားနေမယ်ဆိုရင်တော့ သူ့ကို ဒီထက်ပိုကောင်းအောင် လုပ်နေသလို ဖြစ်နေမှာပဲ။ ဒါက သူ့ကို နှောင့်ယှက်မှု မဖြစ်စေဘူး။ သူက အရမ်းစိတ်ဓါတ် မာကျောတယ်။ ဒါကို ကျွန်တော်တို့အားလုံးသိတယ်”

“သူ့ကို လူတွေက တိုက်ခိုက်လေ။ အဲဒီလူတွေ မှားတယ်ဆိုတာ သူက သက်သေပြချင်လေပဲ” လို့ ဟန်ဒါဆန်က ပြောလိုက်ပါတယ်။

အမှတ်ပေးဇယားကို ထိပ်ဆုံးက ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …