ဒီနှစ် မန်ယူအသင်းကို ရပ်တန့်ဖို့ အရမ်းခက်ခဲသွားပြီလို့ ပြောလိုက်တဲ့ ဂစ်

မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်က ဒီနှစ် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက် ကြိုးစားချီတက်နေကြတဲ့ မန်ယူအသင်းကို ပြိုင်ဘက်အသင်းတွေအနေနဲ့ ရပ်တန့်ဖို့ မလွယ်ကူကြောင်း ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် အနိုင်ရထားပြီး သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ အသင်းသားတွေဟာ ညီညီညွတ်ညွတ်နဲ့ နေရာပေါင်းစုံမှ ဂိုးသွင်းယူနိုင်တာကြောင့် ရိုင်ယန်ဂစ်က အခုလို ပြောလိုက်ခြင်း ဖြစ်သည်။

“ပရီးမီးယားလိဂ်ဖလားက မန်ချက်စတာ နှစ်သင်းကြားမှာ ရှိနေလိမ့်မယ်လို့ ပထမ ၂ပွဲမတိုင်ခင်မှာ ကျွန်တော် ခန့်မှန်းခဲ့တယ်။ အခုတော့ မော်ရင်ဟိုရဲ့ အသင်းသားတွေကို ရပ်တန့်ဖို့ အရမ်းခက်ခဲသွားပြီ” လို့ ဂစ်က Sky Sports မှာ ပြောပါတယ်။

“ဘာလို့လဲဆိုတော့ သူတို့အသင်းမှာ အတွေ့အကြုံရင့်ကျက်တဲ့  ကစားသမားတွေ ရှိနေတယ်။ သူတို့အားလုံးက ကိုယ့်အခန်းကဏ္ဍကို တာဝန်ယူ ကစားနိုင်တယ်။ အခုအချိန်ထိ ကာရစ်နဲ့ ယန်းတို့ မပါဝင်သေးဘူး။ သူတို့လည်း အသင်းကို အားဖြည့်ပေးနိုင်တယ်။  စမောလင်းနဲ့  ဒီဂီယာတို့လည်း ပရီးမီးယားလိဂ်ဖလား အတွေ့အကြုံ ရှိတယ်”

“မာတစ်နဲ့ လူကာကူတို့ ရောက်လာခြင်းကြောင့် သူတို့ဟာ ပိုမို အားကောင်းလာတယ်ထင်ရပေမယ့် ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတယ်။ အခုဆို မစ်ခီတာရမ်းက ၄ ကြိမ်တောင် ဖန်တီးပေးထားတယ်”

“ဖလားဆွတ်ခူးနိုင်ရေးမှာ အရေးပါတဲ့ သွင်းဂိုးတွေအတွက် ပူးပေါင်းပါဝင်နိုင်တဲ့ ကစားသမားတွေ သူတို့မှာ ရှိတယ်။ ဂိုးသွင်းနိုင်တဲ့ ကစားသမား လူကာကူတစ်ယောက်တည်းတင် ရှိနေတာမဟုတ်ဘူး။ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ မစ်ခီတာရမ်း တို့လည်း ရှိတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …