နောက်ဆုံး ဆုဖလားတွေဟာ သူနဲ့မထိုက်တန်ဘူးလို့ ပြောလိုက်တဲ့ ၀ိန်းရွန်းနီ

လွန်ခဲ့တဲ့ နိုဝင်ဘာလက မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာဖို့ စဉ်းစားဆုံးဖြတ်ထားတဲ့ ၀ိန်းရွန်းနီဟာ EFL Cup နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြောက်ဖို့ ထိုက်တန်ခြင်းရှိ/မရှိ မေးခွန်းထုတ် ၀န်ခံခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိတဲ့ ရွန်းနီဟာ မန်ယူအသင်းခေါင်းဆောင်အဖြစ် အိုးထရက်ဖို့စ်မှာ ၁၃ နှစ်အကြာ ကစားပေးခဲ့ပြီး အဲဗာတန်အသင်းထံ ၂နှစ် စာချုပ်ဖြင့်  ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူဟာ အေဂျက်စ်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်တဲ့ မန်ယူအသင်း၏ နောက်ဆုံးပွဲမှာ ပါဝင်ခွင့်ရပေမယ့် အောင်ပွဲခံနေစဉ်မှာ ကလပ်မှ ထွက်ခွာရတော့မယ်ဆိုတာ သိပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

“ဒါဟာ စိတ်ရှုပ်ရတဲ့အချိန်ပဲ။ အခက်ခဲဆုံးအရာက ဖလား(၂)လုံး ကိုင်မြောက်ရခြင်းပဲ။ အဲဒါက လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား” လို့ ရွန်းနီ ရှင်းပြပါတယ်။

“ဒီနေရာမှာ ခင်ဗျားတို့ဆိုလည်း ဒါဟာ ငါနဲ့မထိုက်တန်ဘူးလို့ ခံစားမိမှာပဲ။ ဘာလို့ဆိုတော့ ပြိုင်ပွဲရဲ့ တစိတ်တပိုင်းမှာ ပါဝင်ခွင့်မရလို့ပဲ။ ဖလားရလို့ စိတ်ထဲက အလိုအလျောက်ပျော်နေပေမယ့် အတိုင်းထက်အလွန် အောင်ပွဲခံဖို့ကျ ခက်ခဲခဲ့တယ်”

“မကစားရဘူးဆိုရင် ခင်ဗျားတို့လည်း စိတ်ပျက်မိမှာပဲ။ ကလပ်မှ ထွက်ခွာမှ ဖြစ်တော့မယ်ဆိုတာ နိုဝင်ဘာလ ၀န်းကျင်လောက်က သိခဲ့တယ်”

“ဇန်န၀ါရီလမှာ ဟိုဆေးရဲ့သဘောထားတွေ သိရဖို့ သူနဲ့ ကစားပြောခဲ့တယ်။ သူက ကျွန်တော့်ကို ကလပ်မှာ ဆက်နေစေချင်ပြီး ရာသီပြီးဆုံးချိန်အထိ အသင်းကို ကူညီပေးဖို့ အမြဲတမ်းပြောတယ်။ သူ ပြောတဲ့အတိုင်း ကျွန်တော်လုပ်ခဲ့တယ်”

“သူ ကျွန်တော့်ကို ကစားခွင့်ပေးတဲ့ပွဲတိုင်း ကူညီပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားဘ၀ကို ဒီထက်ပိုပြီး အဆင့်မြှင့်နိုင်ဖို့ ထွက်ခွာရတော့မယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ မန်ယူမှာ ၁၃ နှစ်အကြာ နေလာတာဆိုတော့ ဒီအချိန်ဟာ ၀မ်းနည်းရဆုံးအချိန်ပေါ့။ ဒါပေမယ့် ကျွန်တော့်ကစားသမားဘ၀ကို အကောင်းဆုံးဖြစ်ဖို့ စဉ်းစားရတော့မယ်” လို့ ပြောလိုက်ပါတယ်။

ရွန်းနီဟာ မန်ယူအသင်းအတွက် ပွဲအရေအတွက် ၅၅၉ ပွဲ ကစားပေးပြီး ၂၅၃ ဂိုး သွင်းယူကာ အဓိကဖလား ၁၂ လုံး အနက် ပရီမီးမီးယားလိဂ်ဖလား (၅)ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …