cristiano-ronaldo-juventus-newsday-myanmar

“အီတလီမွာ ဂိုး၄၀ေလာက္ သြင္းရဖို႔ ေရာ္နယ္ဒို အေတာ္ေလးရုန္းကန္ရလိမ့္မယ္” လို႔ ေျပာလိုက္တဲ့ ရာဟူးအာဘီအိုး

စီေရာ္နယ္ဒိုအေနနဲ႔ ယခုႏွစ္ေဘာလံုးရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ ဂိုး ၄၀ ေလာက္ သြင္းေပးႏိုင္ဖို႔ အေတာ္ေလးခက္ခဲၿပီး ရုန္းကန္ေနရလိမ့္မယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း လက္ရွိ နာပိုလီခံစစ္မွဴး ရာဟူးအာဘီအိုးက သတိေပးေျပာၾကားလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီ ၈ ခုမွာ ဂိုး ၄၀ သြင္းႏိုင္ခဲ့ရံုသာမက ၆ ႀကိမ္ ဂိုး ၅၀ နဲ႔အထက္ စံခ်ိန္တင္ သြင္းယူႏိုင္ခဲ့သလို ၂ ႀကိမ္တိုင္တိုင္ တစ္ရာသီကို ဂိုး ၆၀ ေက်ာ္ေအာင္ သြင္းယူႏိုင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မ်ား ထြက္ေပၚလာပါၿပီ

ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္မွ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္အသင္းသို႔ ေရာက္လာၿပီးေနာက္ပိုင္း ေရာ္နယ္ဒိုဟာ ၃ ပြဲ ကစားၿပီးသည္အထိ ဂိုး မသြင္းႏိုင္ေသးဘဲ ရုန္းကန္ေနရပါတယ္။ ဘာေနဗ်ဴးမွာ ေရာ္နယ္ဒိုနဲ႔အတူ ၄ ႏွစ္ေလာက္ အလုပ္လုပ္ဖူးခဲ့တဲ့ အာဘီအိုးကေတာ့ ေရာ္နယ္ဒိုဟာ ဂရိတ္ကစားသမားတစ္ေယာက္ ဆိုေပမယ့္ အီတလီမွာ ဂိုး ၄၀ ေလာက္ သြင္းဖို႔ မျဖစ္ႏိုင္ေၾကာင္းကို အခုလို ေျပာပါတယ္။

“အီတလီေဘာလံုးေလာကဟာ နည္းစနစ္ပိုင္း ပိုၿပီးေတာ့ေကာင္းသလို ခံစစ္ပိုင္းလည္း ေကာင္းတယ္ဆိုတာ အမွန္ပါပဲ။ ဒီလိဂ္ဟာ ၾကံ႕ခိုင္အားေကာင္းေကာင္းနဲ႔ တြန္းတြန္းတိုက္တိုက္ ကစားရတာျဖစ္လို႔ ေရာ္နယ္ဒိုအေနနဲ႔ ဘယ္လိုကစားရလဲဆိုတာ သိထားဖို႔ လိုတယ္” လို႔ အာဘီအိုးက ေျပာပါတယ္။

ronaldo miss goal in juventus

“ေရာ္နယ္ဒိုဟာ ႀကီးမားတဲ့အရည္အခ်င္းေတြနဲ႔ ျပည့္စံုတဲ႔ ဂရိတ္ကစားသမားတာ မွန္တယ္။ ဒါေပမယ့္ အီတလီမွာေတာ့ ဂိုး ၄၀ ေလာက္ သြင္းဖို႔ဆိုတာ သူ႕အတြက္ ခက္ခဲလိမ့္မယ္။ သူ႕အေနနဲ႔ မရုန္းကန္ရဖို႔ပဲ ေမွ်ာ္လင့္မိပါတယ္။ ဒါဟာ ဂ်ဴဗင္တပ္အသင္းအတြက္ ေကာင္းတာျဖစ္ႏိုင္သလို နာပိုလီအသင္းအတြက္လည္း ဆိုးတဲ့အရာ ျဖစ္သြားႏိုင္တယ္” လို႔ အာဘီအိုးက ေျပာလိုက္ပါတယ္။

Unicode version

“အီတလီမှာ ဂိုး၄၀လောက် သွင်းရဖို့ ရော်နယ်ဒို အတော်လေးရုန်းကန်ရလိမ့်မယ်” လို့ ပြောလိုက်တဲ့ ရာဟူးအာဘီအိုး

စီရော်နယ်ဒိုအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ဂိုး ၄၀ လောက် သွင်းပေးနိုင်ဖို့ အတော်လေးခက်ခဲပြီး ရုန်းကန်နေရလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း လက်ရှိ နာပိုလီခံစစ်မှူး ရာဟူးအာဘီအိုးက သတိပေးပြောကြားလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၈ ခုမှာ ဂိုး ၄၀ သွင်းနိုင်ခဲ့ရုံသာမက ၆ ကြိမ် ဂိုး ၅၀ နဲ့အထက် စံချိန်တင် သွင်းယူနိုင်ခဲ့သလို ၂ ကြိမ်တိုင်တိုင် တစ်ရာသီကို ဂိုး ၆၀ ကျော်အောင် သွင်းယူနိုင်ခဲ့ပါတယ်။

ronaldo miss goal in juventus

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်အသင်းသို့ ရောက်လာပြီးနောက်ပိုင်း ရော်နယ်ဒိုဟာ ၃ ပွဲ ကစားပြီးသည်အထိ ဂိုး မသွင်းနိုင်သေးဘဲ ရုန်းကန်နေရပါတယ်။ ဘာနေဗျူးမှာ ရော်နယ်ဒိုနဲ့အတူ ၄ နှစ်လောက် အလုပ်လုပ်ဖူးခဲ့တဲ့ အာဘီအိုးကတော့ ရော်နယ်ဒိုဟာ ဂရိတ်ကစားသမားတစ်ယောက် ဆိုပေမယ့် အီတလီမှာ ဂိုး ၄၀ လောက် သွင်းဖို့ မဖြစ်နိုင်ကြောင်းကို အခုလို ပြောပါတယ်။

“အီတလီဘောလုံးလောကဟာ နည်းစနစ်ပိုင်း ပိုပြီးတော့ကောင်းသလို ခံစစ်ပိုင်းလည်း ကောင်းတယ်ဆိုတာ အမှန်ပါပဲ။ ဒီလိဂ်ဟာ ကြံ့ခိုင်အားကောင်းကောင်းနဲ့ တွန်းတွန်းတိုက်တိုက် ကစားရတာဖြစ်လို့ ရော်နယ်ဒိုအနေနဲ့ ဘယ်လိုကစားရလဲဆိုတာ သိထားဖို့ လိုတယ်” လို့ အာဘီအိုးက ပြောပါတယ်။

“ရော်နယ်ဒိုဟာ ကြီးမားတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဂရိတ်ကစားသမားတာ မှန်တယ်။ ဒါပေမယ့် အီတလီမှာတော့ ဂိုး ၄၀ လောက် သွင်းဖို့ဆိုတာ သူ့အတွက် ခက်ခဲလိမ့်မယ်။ သူ့အနေနဲ့ မရုန်းကန်ရဖို့ပဲ မျှော်လင့်မိပါတယ်။ ဒါဟာ ဂျူဗင်တပ်အသင်းအတွက် ကောင်းတာဖြစ်နိုင်သလို နာပိုလီအသင်းအတွက်လည်း ဆိုးတဲ့အရာ ဖြစ်သွားနိုင်တယ်” လို့ အာဘီအိုးက ပြောလိုက်ပါတယ်။

Check Also

“ေရာ္နယ္ဒို အနီကတ္က လံုး၀မျဖစ္သင့္ဘူး” လို႔ ေျပာလိုက္တဲ့ ပီယာနစ္

Zawgyi Version ဗလင္စီယာအသင္းကို ဂ်ဴဗင္တပ္အသင္း ၂-၀ နဲ႔ အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္မွာ တိုက္စစ္မွဴး စီေရာ္နယ္ဒို အနီကတ္ျပ အထုတ္ရခံရတာဟာ လံုး၀ မျဖစ္သင့္ပါဘူးလို႔ ကြင္းလယ္ကစားသမား …