“နောက်ဆုံးတော့ မက်ဒရစ်မှာပဲ ရော်နယ်ဒို ရှိနေမှာ”လို့ ပြောလိုက်တဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက စီရော်နယ်ဒိုဟာ အခွန်ပြဿနာကြောင့် စပိန်မြေမှ ထွက်သွားချင်တယ်လို့ ပြောပေမယ့် နောက်ဆုံးတော့ ဘာနေဗျူးမှာပဲ ရှိနေလိမ့်မယ်လို့ ယုံကြည်စွာ ပြောလိုက်ပါတယ်။

“သူ အခု အနားယူနေတယ်။ အနားလည်း ယူသင့်တယ်”

“သူအနားပြီးတဲ့အချိန် ကျွန်တော်တို့ စောင့်နေတယ်။ ပြီးရင်တော့ ကျွန်တော်တို့နဲ့အတူ လာရောက်ပူးပေါင်းလိမ့်မယ်” လို့ ဇီဒန်းက ESPN မှာ ပြောပါတယ်။

ဆက်လက်ပြီး စီရော်နယ်ဒိုနဲ့ ဆွေးနွေးဖို့ ရှိသေးလား? လို့ မေးမြန်းကြည့်တော့ ဇီဒန်းက – “မရှိပါဘူး။ ဘာလို့လဲဆိုတော့ နောက်ဆုံးတော့ စီရော်နယ်ဒိုက မက်ဒရစ်မှာပဲ ရှိနေမှာပါ။ သူ ကျွန်တော်တိုနဲ့ ရှိနေမှာ။ ဒါပါပဲ” လို့ ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ယခုလ ၃၁ ရက်တွင် စပိန်တရားရုံး၌ အခွန်ပြဿနာဖြေရှင်းဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …