စတုတ္ထမြောက် ကလေးအဖေဖြစ်တော့မည်ဟု စီရော်နယ်ဒို အတည်ပြု

ရီးရဲလ်မက်ဒရစ်စူပါကစားသမား စီရော်နယ်ဒိုဟာ ချစ်သူဂျော်ဂျီနာရိုဒရီဂက်ဇ်နဲ့ သူ၏ရင်သွေးလေး ရတော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

အစောပိုင်းကလည်း စီရော်နယ်ဒိုဟာ အငှားကိုယ်ဝန်ဆောင် မိခင်တစ်ဦးကို ကလေးမွေးဖွားစေခဲ့ပြီး အီဗာနှင့် မတ်တီယိုလို့ အမည်ပေးထားတဲ့ အမြွှာကလေးငယ်နှစ်ဦးကို တရားဝင်မွေးဖွားခဲ့ပါတယ်။ ယခင်ကလည်း စီရော်နယ်ဒိုဟာ ဂျူနီယာ ခရစ္စတီယာနိုရော်နယ်ဒို အမည်ရှိ  အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးကို အငှားကိုင်ဝန်ဆောင်မိခင်တစ်ဦးနဲ့ မွေးဖွားစေခဲ့တာ ဖြစ်ပါတယ်။

ယခု အသက် ၂၂ နှစ်အရွယ်ရှိတဲ့ သူရဲ့ချစ်သူ ဂျော်ဂျီနာက စီရော်နယ်ဒိုနှင့် ရရှိတဲ့ ကိုယ်ဝန် ၅ လလွယ်ယ်ထားရပြီလို့ အတည်ပြုလိုက်တာကြောင့် နောက်ထပ်ကလေးတစ်ဦး ရရှိလာအုံးမလား? လို့ မေးမြန်းကြည့်တော့ စီရော်နယ်ဒိုက “ဟုတ်ပါတယ်။ ဒီအတွက် အရမ်းပျော်နေတယ်” လို့ စပိန်သတင်းဌာနတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့တဲ့ အသက် ၃၂ နှစ်ရှိ စီရော်နယ်ဒိုဟာ ရရှားကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ် (၃-၀)နဲ့ ရှုံးနိမ့်ပြီးနောက် မိသားစုနှင့်အတူ အိုင်ဘစ်ဇာတွင် အားလပ်ရက် အပန်းဖြေနေတယ်လို့ သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …