စီရော်နယ်ဒို ဆက်နေမလား? ဆိုတာ ကျွန်တော်မသိဘူးလို့ ပြောလိုက်တဲ့ ဘေးလ်

အသက် ၃၂ နှစ်တဲ့ စီရော်နယ်ဒိုဟာ ပေါင် ၁၂.၉ သန်းလောက် အခွန်ရှောင်ခဲ့တယ်ဆိုပြီး စပိန်အစိုးရမှ စွပ်စွဲအရေးယူပြီးနောက် စိတ်ဆိုးဒေါသထွက်ကာ စပိန်မြေနဲ့ ဝေးရာသွားချင်နေပြီး ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာချင်တယ်လို့ မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်ထံ ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်သွားနိုင်လား? လို့ ဂါးရက်ဘေးလ်ကို မေးမြန်းကြည့်တော့ ဘေးလ်က အခုလို ပြန်ဖြေပါတယ်။

“ကျွန်တော် ဘာမှ မကြားမိဘူး။ တစ်ခုခု ဖြစ်သွားနိုင်တဲ့ သဲလွန်စမျိုးလည်း ကျွန်တော် ရရှိမထားဘူး။ ကျွန်တော် မနေ့ကတော့ တစ်ခု ရလိုက်တယ်။ အဲဒါ မန်ယူချက်စတာယူနိုက်တက်က လုကာကူကို လက်မှတ်ထိုးခေါ်ယူလိုက်တယ် ဆိုတာပါပဲ။ အရိုးသားဆုံး ပြောရရင် ကျွန်တော် ဘာမှမသိဘူး။ သူ့ကိုသာ သွားမေးသင့်တယ်” လို့ ဂါးရက်ဘေးလ်က စပိန်သတင်းစာ Marca မှာ ဖြေထားပါတယ်။

မနေ့ကလည်း စီရော်နယ်ဒိုဟာ အသင်းဟောင်း မန်ယူအသင်းထံ ပြန်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာမှုနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုကို မေးမြန်းကြည့်တော့ “မဖြစ်နိုင်တဲ့ ကစားသမားတွေကို အချိန်ကုန်ခံစဉ်းစားနေမှာ မဟုတ်ဘူး” လို့ A Galaxy ကို ၅-၂ နဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲအပြီးမှာ ဖြေကြားခဲ့ပါတယ်။

ဘာနေဗျူးမှာ စီရော်နယ်ဒို ဆက်နေအုံးမလား? ဆိုတာ မသိပေမယ့် ဂါးရက်ဘေးလ်က လာမယ့်နှစ်မှာ ရီးရဲလ်မက်ရစ်အတွက် အတူတူ တိုက်ပွဲဝင်သွားချင်ကြောင်း အဆုံးသတ်ပြောကြားခဲ့ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …