အဲဗာတန်အသင်း နောက်တဆင့်တက်လှမ်းနိုင်အောင် ရွန်းနီ ခေါ်ဆောင်သွားလိမ့်မယ်လို့ ပြောလိုက်တဲ့ ကိုးမန်း

အဲဗာတန်နည်းပြ ရော်နယ်လ်ကိုးမန်းဟာ အဲဗာတန်အသင်း နောက်တဆင့် မြှင့်တင်နိုင်ဖို့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်ထားတဲ့ ရွန်းနီက ကူညီပေးလိမ့်မယ်လို့ ယုံကြည်စွာ ပြောလိုက်ပါတယ်။

“သူ့မှာ အတွေ့အကြုံတွေ များနေပြီ” လို့ ကိုးမန်းက ရာသီကြို ခြေစမ်းပွဲ ၃ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်တဲ့ ရွန်းနီနဲ့ ပတ်သတ်ပြီး ပြောပါတယ်။

“သူက ကွင်းထဲမှာ အရေးပါသလို၊ သူ့အသင်းသားတွေအတွက်လည်း အရေးပါတယ်။ သေချာတာကတော့ လူငယ်ကစားသမားတွေကို ဘောလုံး အဆင့်မြင့်မြင့်ကစားနိုင်ဖို့ သူက လမ်းပြပေးနိုင်တယ်”

“သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ လေ့ကျင့်ရေးကွင်းထဲမှာရော ယခုခြေစမ်းပွဲတွေမှာပါ ကြည့်ရင် သိနိုင်ပါတယ်”

“ကစားသမားသစ်တွေ အသင်းမှာ အသားကျနေတာတွေ့ရတော့ အရမ်းဝမ်းသာတယ်။ ကျွန်တော်တို့ဟာ အမှန်တကယ်ကောင်းတဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်နေပါပြီ။ အဲဗာတန်အသင်းမှာ သူတို့ဟာ ခမ်းနားတဲ့အနာဂတ်တွေ ပိုင်ဆိုင်နေပြီး အသင်းမြှင့်တင်နိုင်တဲ့ အရည်အချင်းတွှေရှိတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …