“ကျွန်တော်က လူကာကူ။ မိုဗစ်ခ်ျ မဟုတ်ပါဘူး” လို့ မန်ယူပရိသတ်တွေကို သတိပေးလိုက်တဲ့ လူကာကူ

အဲဗာတန်အသင်းမှ ပေါင် ၇၅ သန်းဖြင့် ခေါ်ယူလိုက်တဲ့ လူကာကူက ဇလာတန်အီဗာရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်လို့ ချီးကျူးလိုက်ပေမယ့် မိုဗစ်ခ်ျနဲ့ မတူညီတဲ့ တိုက်စစ်ဆင်ပုံဖြင့် အသင်းကို ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“သူဟာ ကလပ်အတွက် အလုပ်ကို အံ့သြလောက်အောင် လုပ်နိုင်တဲ့သူပါ” လို့ လူကာကူက ESPN မှာ မိုဗစ်ခ်ျကို ချီးမွမ်းပြောဆိုထားပါတယ်။

“မနှစ်က သူဟာ မန်ချက်စတာယူနိုက်တက်အတွက် အဓိက ကစားသမားပဲ။ ကျွန်တော် တိုးတက်ကောင်းမွန်လာတယ်ဆိုတာကလည်း သူ့ဆီက အများကြီးလေ့လာသင်ယူခဲ့ရတာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အေးဂျင့်တူတွေလေ”

“သူ ကျွန်တော့်ကို အကြံဥာဏ်တွေ အများကြီး ပေးခဲ့တယ်။ ဒါတွေကပဲ ကျွန်တော် တိုးတက်လာအောင် ကူညီပေးခဲ့တာ”

“ဒါပေမယ့် ကျွန်တော်က ရိုမီလူလူကာကူ။ ဇလာတန်အီဗရာဟီမိုဗစ်ခ်ျ မဟုတ်ပါဘူး။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ တိုက်စစ်နေရာယူသွားမှာပါ။ နောက်ပြီး အရင်ထက်ပိုပြီး အမှန်တကယ် အလုပ်ကြိုးစားရတော့မယ်ဆိုတာ ကျွန်တော် သိတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …