မက္ဆီကို ဘယ္လိုရပ္တန္႔ရမလဲဆိုတာ အႀကံျပဳလိုက္တဲ့ ဖာဒီနန္

မန္ယူ ကစားသမားေဟာင္း ရိုင္ယိုဖာဒီနန္ကေတာ့ ဒီေန႔ည ရင္ဆိုင္ရမယ့္ ဘာစီလိုနာနဲ႔ ပြဲမွာ စူပါစတား မက္ဆီကို ဘယ္လိုရပ္တန္႔ရမလဲဆုိတာကို ေျပာျပလိုက္ပါတယ္။

မက္ဆီဟာ ဒီရာသီမွာ ၿပိဳင္ပြဲစံု ပြဲ ၄၀ မွာ ၄၃ ဂိုး အထိ သြင္းယူထားႏိုင္ပါတယ္။ ဖာဒီနန္ဟာ ၂၀၀၉ ၊ ၂၀၁၁ ခုႏွစ္ေတြတုန္းက မက္ဆီနဲ႔ ရင္ဆိုင္ကစားခဲ့ရၿပီး ဘာစီလိုနာအသင္းကလည္း ဖလားေတြ သိမ္းပိုက္သြားခဲ့တာ ျဖစ္ပါတယ္။
“ဘာစီလိုနာက ေဘာလံုးပိုင္ဆိုင္မႈကို အေျခခံကာ ဖိအားေပးၿပီး ကစားလိမ့္မယ္။ ဒါေၾကာင့္ ယူႏိုက္တက္အေနနဲ႔ သတိႀကီးႀကီးထား ရလိမ့္မယ္” လို႔ မန္ယူကစားသမားေဟာင္း က ဆိုပါတယ္။

“ဒါေပမဲ့ မက္ဆီနဲ႔ ေတြ႕ရင္ေတာ့ ၿပိဳလဲသြားႏိုင္တယ္။ ဒီေတာ့ မက္ဆီကို ဘယ္လိုရပ္တန္႔ရမလဲ?”
“မက္ဆီကိုေတာ့ ေနရာလြတ္ေတြ ေပးကစားလို႔ မရဘူး။ သူ႕ကို ေနရာလြတ္ေတြ ေပးလိုက္ရင္ ျပႆနာအႀကီးႀကီး တက္သြားႏိုင္တယ္။ မက္ဆီက ပဲြတိုင္း အေကာင္းဆံုး ကစားႏိုင္တဲ့ စူပါစတား ဆိုၿပီးေတာ့ ေၾကာက္ေနလို႔မရဘူး။ ဆိုးလ္ရွားအေနနဲ႔ မက္ဆီအတြက္ အစီအစဥ္တစ္ခုေတာ့ ရွိလိမ့္မယ္။ ဒါေၾကာင့္ မက္ဆီအေနနဲ႔ တစ္ပြဲလံုး တစ္ေယာက္ခ်င္း ရင္ဆိုင္ကစားရမွာေတာ့ မဟုတ္ဘူး”

“ဆိုးလ္ရွားအေနနဲ႔ ေပးဂိုး မရွိေအာင္ ကစားၿပီး ႏူးကမ့္မွာ အႏိုင္ကစားဖို႔ပဲ စဥ္းစားသင့္တယ္” လို႔ ဖာဒီနန္က အႀကံျပဳလိုက္ပါတယ္။
ဆက္လက္ၿပီး ဖာဒီနန္က မန္ယူအသင္းဟာ PSG အသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းကိုလည္း ေကာင္းစြာ ျဖတ္ေက်ာ္ႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာလိုက္ပါတယ္။

Unicode version

မက်ဆီကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ အကြံပြုလိုက်တဲ့ ဖာဒီနန်

မန်ယူ ကစားသမားဟောင်း ရိုင်ယိုဖာဒီနန်ကတော့ ဒီနေ့ည ရင်ဆိုင်ရမယ့် ဘာစီလိုနာနဲ့ ပွဲမှာ စူပါစတား မက်ဆီကို ဘယ်လိုရပ်တန့်ရမလဲဆိုတာကို ပြောပြလိုက်ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၄၃ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဖာဒီနန်ဟာ ၂၀၀၉ ၊ ၂၀၁၁ ခုနှစ်တွေတုန်းက မက်ဆီနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ဘာစီလိုနာအသင်းကလည်း ဖလားတွေ သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။
“ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုကို အခြေခံကာ ဖိအားပေးပြီး ကစားလိမ့်မယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ သတိကြီးကြီးထား ရလိမ့်မယ်” လို့ မန်ယူကစားသမားဟောင်း က ဆိုပါတယ်။

“ဒါပေမဲ့ မက်ဆီနဲ့ တွေ့ရင်တော့ ပြိုလဲသွားနိုင်တယ်။ ဒီတော့ မက်ဆီကို ဘယ်လိုရပ်တန့်ရမလဲ?”
“မက်ဆီကိုတော့ နေရာလွတ်တွေ ပေးကစားလို့ မရဘူး။ သူ့ကို နေရာလွတ်တွေ ပေးလိုက်ရင် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်။ မက်ဆီက ပွဲတိုင်း အကောင်းဆုံး ကစားနိုင်တဲ့ စူပါစတား ဆိုပြီးတော့ ကြောက်နေလို့မရဘူး။ ဆိုးလ်ရှားအနေနဲ့ မက်ဆီအတွက် အစီအစဉ်တစ်ခုတော့ ရှိလိမ့်မယ်။ ဒါကြောင့် မက်ဆီအနေနဲ့ တစ်ပွဲလုံး တစ်ယောက်ချင်း ရင်ဆိုင်ကစားရမှာတော့ မဟုတ်ဘူး”
“ဆိုးလ်ရှားအနေနဲ့ ပေးဂိုး မရှိအောင် ကစားပြီး နူးကမ့်မှာ အနိုင်ကစားဖို့ပဲ စဉ်းစားသင့်တယ်” လို့ ဖာဒီနန်က အကြံပြုလိုက်ပါတယ်။
ဆက်လက်ပြီး ဖာဒီနန်က မန်ယူအသင်းဟာ PSG အသင်းကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းကိုလည်း ကောင်းစွာ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။

Check Also

မန္ယူကို အထင္မေသးသင့္ဘူးလို႔ ဘာစီလိုနာကို သတိေပးလိုက္တဲ့ ေမာ္ရင္ဟို

လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္ပဲ ရလဒ္ေကာင္း ထြက္ေပၚေနပါေစ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေတာ့ ေလးစားမႈရွိရမယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ …