ဘိုင်ယန်မြူးနစ်မှ ထွက်ခွာတော့မယ်လို့ ရီနာတိုဆန်းချက်စ် ပြောပြီ

ပြီးခဲ့တဲ့ နွေရာသီကတည်းက အလိုင်းယန့်ဇ်အရီနာ၌ ရောက်ရှိနေတဲ့ ဆန်းချက်ဟာ ဘွန်ဒစ်လီဂါပွဲစဉ်ပေါင်း (၆)ပွဲသာ ပွဲထွက်ခွင့်ရရှိထားပြီး အသိအမှတ်ပြု မခံရတာကြောင့် ဘိုင်ယန်မြူးနစ်မှာ မပျော်ရွှင်ကြောင်း ရင်ဖွင့်ခဲ့ပြီး ဘွန်ဒစ်လီဂါချန်ပီယံမှ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

“ကျွန်တော့် ပုဂ္ဂိုလ်ရေးရာ ပြောရမယ်ဆိုရင် ဘိုင်ယန်မှာ ကျွန်တော်မပျော်တော့ဘူး” လို့ ဆန်းချက်စ်က Blid မှာ ပြောပါတယ်။

“အမှန်တကယ်တော့ ပွဲချိန်များများ ကစားချင်တာ။ ဒါဟာ အသင်းပြောင်းချင်ရတဲ့ အကြောင်းပြချက်ပဲ။ ဒီထက်ပိုပြီး ပွဲချိန်များများ ကစားရမယ့်အသင်းဆီ သွားချင်တယ်”

“အေစီမီလန်က ကျွန်တော့်ကိုစိတ်ဝင်စားနေတဲ့ အနေအထားမှာ ရှိတယ်။ အခွင့်အလမ်းကောင်းလာပြီး ကလပ်၂ခု သဘောတူညီမှုရရင် အဲဒီအသင်းမှာ ကျွန်တော့်ကို မြင်တွေ့ရလိမ့်မယ်”

“ကျွန်တော် ငယ်သေးတယ်။ ပွဲချိန်များများ ကစားချင်တယ်။ ကျွန်တော့်အထင် ဘိုင်ယန်မှာထက် မီလန်က အခွင့်အရေးပိုများလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …