“ဗလန်စီယာကို အနိုင်ရသင့်တယ်” လို့ ပြောလိုက်တဲ့ ဇီဒန်း

ဇီဒန်းက လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဗလင်စီယာလို အသင်းမျိုးကို ၂-၂ သရေကျခဲ့တာဟာ လုံးဝ လက်မခံနိုင်ကြောင်း သူတို့အသင်းဟာ အနိုင်နဲ့သာ ထိုက်တန်ကြောင်း ပြောလိုက်ပါတယ်။

“ဒီရလဒ်ကို ကျွန်တော် မပျော်နိုင်ဘူး” လို့ ဇီဒန်းက ပြောပါတယ်။

“ကျွန်တော်တို့ ဒီပွဲကို အနိုင်ရသင့်တယ်။ အခွင့်အရေးတွေ ၇ကြိမ်၊ ၈ကြိမ်လောက် ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး”

“ကျွန်တော်တို့ ၂ မှတ်လျော့ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူတယ်။ ဘာလို့လဲဆိုတော့ ပထမ ၁-၂ နဲ့ ကျွန်တော်တို့ ရှုံးနေတာတောင် နောက်ဆုံးအချိန်ထိ သူတို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘောလုံးရာသီက အရှည်ကြီးပါ။ ကျွန်တော်တို့ နောက်တဖန် လာလီဂါချန်ပီယံ ဖြစ်လာအုံးမှာပါ” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ဇီဒန်းက ဒီပွဲမှာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ ဘန်ဇီမာနဲ့ ဂါးရက်ဘေးလ်တို့ဟာ “ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကကစာသမားတွေပါ” ဆိုပြီး ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …