ပုဂ္ဂိုလ်ရေးရာကိစ္စရှိနေလို့ ဘာစီလိုနာနဲ့ ပွဲမှာ စီရော်နယ်ဒို မပါဝင်နိုင်

ရီးရဲလ်မက်ဒရစ်စူပါစတား စီရော်နယ်ဒိုဟာ ပုဂ္ဂိုလ်ရေးရာကိစ္စတွေ ရှိနေတာကြောင့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် ၆နာရီ ၃၀မိနစ်အချိန် မိုင်ယာမီမြို့မှာ ကျင်းပတဲ့ ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကိုပွဲအတွက် ပါဝင်မကစားနိုင်ဘူးလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ရရှားကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ် (၃-၀)နဲ့ ရှုံးနိမ့်ပြီးနောက် ပေါ်တူဂီအသင်း၏ တတိယနေရာလုပွဲမှာ မပါဝင်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားခဲ့တဲ့ အမွှာရင်သွေးလေး ၂ယောက်နဲ့ အလုပ်ရှုပ်နေခဲ့တာ ဖြစ်ပါတယ်။

အခုလို စီရော်နယ်ဒို မပါဝင်နိုင်မှုနဲ့ ပတ်သတ်ပြီး ICC ပြိုင်ပွဲ စီစဉ်သူ M.Ross က – “ကံမကောင်းစွာနဲ့ပဲ ရော်နယ်ဒိုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေက ဒီကိုလာဖို့ အဟန့်အတားတွေ ဖြစ်ခဲ့တယ်” လို့  သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ထို့အပြင် အသက် ၃၂ နှစ်တဲ့ အဆိုပါပေါ်တူဂီသားဟာ ပြီးခဲ့တဲ့လက ပေါင် ၁၂.၉ သန်းလောက် အခွန်ရှောင်ခဲ့တယ်လို့ စပိန်အစိုးရမှ တရားစွဲခံထားရသူ ဖြစ်ပါတယ်။ ထို့ကြောင့် စီရော်နယ်ဒိုဟာ ထိုပြဿနာကို တနင်္လာနေ့မှာ စပိန်တရားရုံးတက် ဖြေရှင်းဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …