real-madrid-v-atletico-madrid-uefa-super-cup-newsday-myanmar

ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ရမယ်လို့ ပြောလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်


ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ရမယ်လို့ ပြောလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်




ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ရမယ်လို့ ပြောလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်


Unicode version

ဥရောပစူပါဖလား ဆွတ်ခူးပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ရမယ်လို့ ကြုံးဝါးလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်

ယူရိုပါလိဂ် ချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဒီနေ့မနက်မှာတော့ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို ၄-၂ နဲ့ အနိုင်ယူပြီးနောက် ဥရောပစူပါဖလား ဆွတ်ခူးသွားခဲ့ပါတယ်။ ဖလားကိုင်မြောက်ပြီးမှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌ အင်းနရစ်ဆီရီဇိုက သူတို့အသင်းဟာ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီရာသီမှာ အကောင်းဆုံးဖြစ်နေဖို့ပဲ။ လိုအပ်တာတွေ မြှင့်တင်ပေးသွားမယ်”

“နောက်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားသွားမယ်။ ဒီဗိုလ်လုပွဲကြီးကို ကျွန်တော်တို့ အားကစားကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့အတွက် အများကြီးကို အကျိုးသက်ရောက်စေတယ်” လို့ ဆီရီဇီုက ပြောပါတယ်။

ဆက်လက်ပြီး တိုက်စစ်မှူး ဂရေ့ဇ်မန်းကလည်း ဒီနှစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရေးက အသင်းရဲ့ ပန်းတိုင်တစ်ခုဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ဒီနှစ်က ကျွန်တော်တို့နှစ် ဖြစ်တယ်ဆိုတာ ပြသသွားချင်တယ်။ နောက်ပြီး ကျွန်တော်တို့ကွင်းထဲမှာ ဒီဖလားကို သိမ်းပိုက်ချင်တယ်” လို့ ဂရေ့ဇ်မန်းက ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …