real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ္မက္ဒရစ္အတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္တဲ့ ဆိုလာရီ

ရီးရဲလ္မက္ဒရစ္အသင္းဟာ မေန႔က ဆီဗီးလားအသင္းကို ၂-၀ အႏိုင္ရၿပီးေနာက္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ေနရာသို႔ ေရာက္လာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ဆန္တီယာဂီုဆိုလာရီကေတာ့ သူတို႔အသင္းအတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးလို႔ ေျပာလိုက္ၿပီ။ ေနာက္ဆံုးအခ်ိန္အထိ အရႈံးမေပးတဲ့စိတ္ျဖင့္ ဖလားအားလံုးဆြတ္ခူးႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ေျပာလိုက္ပါတယ္။

ကာစီမီယိုနဲ႔ လူကာမိုဒရစ္တို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြနဲ႔ အႏိုင္ရသြားခဲ့တာပါ။ ဒီႏိုင္ပြဲေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာလီဂါဖလားအတြက္ အမွတ္ေပးဇယားကို ဘာစီလိုနာအသင္းကို ေကာင္းေကာင္း စိန္ေခၚႏိုင္ဖို႔ နီးစပ္လာခဲ့ပါတယ္။

“ၿပိဳင္ပြဲ ၃ ခုလံုး ခ်န္ပီယံျဖစ္ေအာင္ ကၽြန္ေတာ္တို႔ကေတာ့ ေနာက္ဆံုးအခ်ိန္အထိ တိုက္ပြဲ၀င္သြားမွာပဲ။ ရီးရဲလ္မက္ဒရစ္အတြက္ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူး” လို႔ ဆိုလာရီက ေျပာပါတယ္။

“ကၽြန္ေတာ္ကေတာ့ ေဘာလံုးကို ႏွစ္သက္တယ္။ ယွဥ္ၿပိဳင္ရတာကို သေဘာက်တယ္။ ခက္ခဲတဲ့အခ်ိန္ေတြဆိုတာ ရွိမွာပဲ။ ကၽြန္ေတာ္တို႔ဘက္က စိတ္ဓါတ္ေတြ သန္မာေနဖို႔ပဲ လိုတယ္” လို႔ မက္ဒရစ္နည္းျပ ဆိုလာရီက ေျပာလိုက္ပါတယ္။

Unicode version

ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုလာရီ

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဆီဗီးလားအသင်းကို ၂-၀ အနိုင်ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဆန်တီယာဂီုဆိုလာရီကတော့ သူတို့အသင်းအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်ပြီ။ နောက်ဆုံးအချိန်အထိ အရှုံးမပေးတဲ့စိတ်ဖြင့် ဖလားအားလုံးဆွတ်ခူးနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

ကာစီမီယိုနဲ့ လူကာမိုဒရစ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါဖလားအတွက် အမှတ်ပေးဇယားကို ဘာစီလိုနာအသင်းကို ကောင်းကောင်း စိန်ခေါ်နိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။

“ပြိုင်ပွဲ ၃ ခုလုံး ချန်ပီယံဖြစ်အောင် ကျွန်တော်တို့ကတော့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပဲ။ ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” လို့ ဆိုလာရီက ပြောပါတယ်။

“ကျွန်တော်ကတော့ ဘောလုံးကို နှစ်သက်တယ်။ ယှဉ်ပြိုင်ရတာကို သဘောကျတယ်။ ခက်ခဲတဲ့အချိန်တွေဆိုတာ ရှိမှာပဲ။ ကျွန်တော်တို့ဘက်က စိတ်ဓါတ်တွေ သန်မာနေဖို့ပဲ လိုတယ်” လို့ မက်ဒရစ်နည်းပြ ဆိုလာရီက ပြောလိုက်ပါတယ်။

Check Also

ေနမာကို ေခၚယူမယ့္ကိစၥ ေသြးေအးသြားတဲ့ ရီးရဲလ္မက္ဒရစ္

ေနမာကို ေခၚယူမယ့္ကိစၥ ေသြးေအးသြားတဲ့ ရီးရဲလ္မက္ဒရစ္

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဟာ PSG တိုက္စစ္ကစားသမား ေနမာကို ေခၚယူဖို႔ စိတ္၀င္စားမႈအား ေလ်ာ့က်သြားတယ္လို႔ DailyMail က ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။ လာမယ့္ေႏြရာသီမွာ ဘာေပကို ေခၚယူဖို႔ ရည္ရြယ္ထားတာေၾကာင့္ …