စူပါဖလားပွဲမှာ ပြိုင်ဘက်အဖြစ် ပြန်တွေ့မယ့် အသင်းသားဟောင်း ကော့တွိုက်စ်ကို ဆီမြွန်နီ ဘာပြောလိုက်လဲ

ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ အက်သလက်တီကို မက်ဒရစ်တို့ လာမယ့် ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်အချိန်မှာ ဥရောပစူပါဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

Real-Madrid-vs-Atletico-Madrid-Preview-and-Betting-Tips-Live-stream-UEFA-Super-Cup-Final

ဒီပွဲဟာ မက်ဒရစ်ဒါဘီပွဲ ဖြစ်တာကြောင့် ဖျော်ဖြေမှု ပေးစွမ်းနိုင်လိမ့်မယ်ဆိုပြီး တစ်ကမ္ဘာ့လုံးမှာ ရှိတဲ့ ဘောလုံးပရိသတ်တိုင်းက စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာတဲ့ ကော့တွိုက်စ်ဟာ ယခု အသင်းဟောင်းနဲ့ ရင်ဆိုင်ကစားရတော့မှာလည်း ဖြစ်ပါတယ်။

Real-Madrid-news-Chelsea-Atletico-Thibaut-Courtois-1458567

ကော့တွိုက်စ်ဟာ အက်သလက်တီကို မက်ဒရစ်မှာ ၄ နှစ် ကစားပြီး လာလီဂါဖလား၊ စပိန်ဘုရင့်ဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီကတော့ ကော့တွိုက်စ်ဟာ တစ်ချိန်က အသင်းအတွက် အထောက်အပံ့ပေးနိုင်ခဲ့တာကြောင့် ယခုအချိန်မှာ ပြိုင်ဘက်တွေ ဖြစ်နေပေမယ့် လေးစားမှုရှိကြောင်း အခုလို ပြောပါတယ်။

Real-Madrid-news-Chelsea-Atletico-Thibaut-Courtois-1458563

“သူဟာ ကျွန်တော်တို့အတွက် ကစားပေးခဲ့တယ်။ သူဟာ ကျွန်တော်တို့အတွက် အရမ်းကောင်းခဲ့ပါတယ်” လို့ ဆီမြွန်နီက ပြောပါတယ်။

“အခုလို ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းလိုက်တာဟာ သူ့မှာလည်း သူ့အယူအဆ ရှိလို့နေမှာပါ။ ဒါကို ကျွန်တော်တို့ လေးစားရပါမယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံး လုပ်ပေးခဲ့တဲ့သူကို အမြဲတမ်းသတိရနေပါတယ်။ ပြိုင်ဘက်တစ်ယောက် ဖြစ်နေပါစေ အဲဒီသဘောတရာက ပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့ ဆီမြွန်နီက ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …