အရံတွေထုတ်ပြီး ကမ္ဘာ့ထိပ်တန်းတိုက်စစ်ကို ၀ယ်တော့မယ့် မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အရံကစားသမားတွေ ဖြစ်ကြတဲ့ မိုရာတာနဲ့ ဒန်နီလိုတို့ကို ဒီနွေမှာ ရောင်းထုတ်ပြီး မိုနာကိုတိုက်စစ်မှူး အမ်ဘက်ပီကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Daily Mail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ တက်သစ်စ ပြင်သစ်တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၂၆)ဂိုး သွင်းယူနိုင်သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်လို့  ဥရောပအသင်းကြီးတော်တော်များများက မျက်စိကျနေခဲ့ပါတယ်။ ထိုအထဲမှာ ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Daily Mail ၏ ရေးသားချက်များအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုရာတာကို ပေါင် ၇၅ သန်းဖြင့် ရောင်းဖို့ ချဲလ်ဆီးအသင်းနဲ့ သဘောတူလက်ခံလိုက်တယ်လို့ သိရပါတယ်။ ထို့အပြင် နောက်ခံကစားသမား ဒန်နီလိုကိုလည်း မန်စီးတီးအသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းလောက်နဲ့ ကမ်းလှမ်းလာရင် သဘောတူလက်ခံသွားနိုင်တယ်လို့ ထိုသတင်းမှာ ထပ်မံဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုရာတာနဲ့ ဒန်နီလိုတို့ကို ရောင်းထုတ်လိုက်လို့ ရရှိလာမယ့် ပေါင် သန်း (၁၀၀)ကျော်နဲ့ဆိုရင် အမ်ဘက်ပီကို ၀ယ်ဖို့ လုံလောက်ပြီလို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …