



Real-Madrid-cool-Neymar-Mbappe-fears


Unicode version

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် ယခုနွေရာသီမှာ ဘရာဇီးနိုင်ငံသား နေမာကို ခေါ်ယူဖို့ သွေးအေးသွားတာဖြစ်တယ်လို့ Goal မှာလည်း အခိုင်အမာ ဖော်ပြထားပါတယ်။

နေမာဟာ လာမယ့်ဘောလုံးရာသီ မစတင်ခင် PSG အသင်းမှ ထွက်ခွာလိုတယ်လို့ ရှင်းလင်းစွာ ပြောပြထားပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားနိုင်တယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ဆန်းတို့စ်ကစားသမားဟောင်း နေမာဟာ ယခင်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်ပေမဲ့ ယခုအချိန်မှာတော့ နည်းပြ ဇီဒန်းက မန်ယူကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Check Also

real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုလာရီ

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဆီဗီးလားအသင်းကို ၂-၀ အနိုင်ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဆန်တီယာဂီုဆိုလာရီကတော့ သူတို့အသင်းအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ …