“ရီးရဲလ်မက်ဒရစ်က ဒီနှစ် ဖလား(၆)လုံး ဆွတ်ခူးလိမ့်မယ်” လို့ ပြောလိုက်တဲ့ အလွန်ဆို

ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဖလား (၆)လုံး ဆွတ်ခူးသိမ်းပိုက်သွားလိမ့်မယ်လို့ ကွင်းလယ်ကစားသမားဟောင်း ဇာဘီအလွန်ဆိုက ပြောလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အစောပိုင်းက ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုနှစ်လည်း ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ရေပန်းစားနေပြီး၊ ကမ္ဘာ့ကလပ်ဖလားနဲ့ စပိန်ဘုရင့်ဖလားတို့ကိုပါ ဆွတ်ခူးနိုင်လိမ့်အုံးမယ်လို့ အလွန်ဆိုက ပြောလိုက်ပါတယ်။

“သူတို့ ဖလား(၆)လုံး ရနိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး” လို့ အလွန်ဆိုက ပြောပါတယ်။

“လက်ရှိ သူတို့ရဲ့ အောင်မြင်မှုတွေကို ကြည့်ရင် ရီးရဲလ်မက်ဒရစ်က ကမ္ဘာမှာ အကောင်းဆုံးအသင်းပဲ။ ၄ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား (၃)ကြိမ် ဆွတ်ခူးနိုင်တယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ မဆွတ်ခူးနိုင်ခဲ့တဲ့ လာလီဂါဖလားကို ဇီဒန်းလက်ထပ်မှာ ဆွတ်ခူးနိုင်ခဲ့တယ်”

“တခြားအသင်းတွေကလည်း သူတို့ကို မှီအောင် ကြိုးစာနေကြမှာပဲ။ ဒါပေမယ့် အခုအချိန်မှာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကျန်တဲ့အသင်းတွေထက် ပိုမြင့်တဲ့အဆင့်တစ်ခုမှာ ရှိနေတယ်။ သူတို့ ဒီနေရာမှာပဲ ရပ်တန့်နေမှာ မဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …