လူကာကူနဲ့ တွဲဖက်ပြီး ဖလားတွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတဲ့ ရက်ရှ်ဖို့ဒ်

မန်ယူအသင်းရဲ့ လူငယ်ကြယ်ပွင့် ရက်ရှ်ဖို့ဒ်ဟာ သူနဲ့ လူကာကူက လာမယ့်ရာသီမှာ မန်ယူအသင်းအတွက် ဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်စွာ မျှော်လင့်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ခြေစမ်းပွဲ ၂ ပွဲ ကစားပြီးတဲ့အချိန်အထိ လူကာကူနဲ့ တွဲဖတ်ကစားရခြင်း မရှိသေးသေးပေမယ့် အသင်းဖော်ဖြစ်လာမယ့်အရေးကို တွေးပြီး စိတ်လှုပ်ရှားနေပါတယ်။

“မတူညီတဲ့ပွဲတိုင်း နည်းပရိယာယ်ကလည်း ကွဲပြားခြားနေဖို့ လိုအပ်မယ်” လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

“တိုက်စစ်မှာ ကျွန်တော်နဲ့ လူကာကူနဲ့ရယ်လို့ မဆိုလိုပါဘူး။ မာရှယ်နဲ့ လူကာကူနဲ့လည်း အတူတူ တွဲကစားနိုင်တယ်။ ကျွန်တော်တို့ဟာ ကောင်းကောင်းကစားနိုင်တာကြောင့် ရွေးချယ်စရာတွေ အများကြီးရှိတယ်။ ဒါဟာ လာမယ့်ရာသီမှာ ဖလားတွေဆွတ်ခူးဖို့ အခွင့်အရေးတွေ ပိုများလာတာပဲ”

“အခုဆို လူကာကူဟာ အချိန်မှန် နေရာမှန်ကို ရောက်ရှိနေပါတယ်”

“ကျွန်တော်တို့က ပုံမှန်အားဖြင့် အထောင်တိုက်စစ် ၁ ယောက်ပဲ ကစားရတာ ဆိုပေမယ့် အခု ၂ ယောက်ဆိုတော့ ကျွန်တော့်အတွက် ပိုပြီး သေချာသွားတာပေါ့” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …