ronaldo modric ramos -newsday myanmar
Zawgyi Code version
Unicode version
“အကောင်းဆုံးဆုကို ရော်နယ်ထက်စာရင် မိုဒရစ်ပဲရသင့်တယ်” လို့ ပြောလိုက်တဲ့ ရာမို့စ်
ခရစ္စတီယာနိုရော်နယ်ဒိုဟာ FIFA မှ ပေးအပ်မယ့် The Best FIFA Men’s Player ဆုကို ၃ နှစ် ဆက်တိုက် ဆွတ်ခူးနိုင်မယ့် အနေအထားမှာ ရှိနေပေမဲ့ မိုဒရစ်ပဲ ရသင့်တယ်ဆိုပြီး ကစားဖော်ဟောင်း ရာမို့စ်က ပြောလိုက်တာဖြစ်ပါတယ်။
ရာမု့ိစ်ရဲ့ ပြောစကားအရဆိုရင် The Best ဆုကို မိုဒရစ်က ကစားဖော်ဟောင်း ရော်နယ်ဒိုဆီက လွှဲပြောင်းယူရမှာပဲ ဖြစ်ပါတယ်။ ရာမို့ဟာ မိုဒရစ်နဲ့ အသင်းဖော်ဖြစ်ရတာကို ဂုဏ်ယူကြောင်း အခုလို ပြောပါတယ်။
“ကစားသမားတွေအများကြီး ရှိတဲ့အနက် ကျွန်တော်ဟာ မိုဒရစ်နဲ့ တစ်သင်းထဲမှာ ရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူတယ်” လို့ ရာမို့စ်က ပြောပါတယ်။
“သူက သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သလို ကစားသမားကောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူဟာ ကျွန်တော့်ကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ အကောင်းဆုံးဆုရနိုင်တယ်လို့ နာမည်ကြီးနေတဲ့ ကစားသမားတွေရှိနေပေမယ့် ဒီဆုကို မိုဒရစ်ပဲ ရသင့်တယ်” လို့ ရာမို့စ်က ပြောလိုက်ပါတယ်။
The Best FIFA Men’s Player ဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းထဲမှာ ရော်နယ်ဒို၊ မိုဒရစ်နဲ့ ဆာလက်တို့ ပါဝင်ပြီး လာမယ့် စက်တင်ဘာ ၂၄ ရက် လန်ဒန်မြို့မှာ ဆုပေးပွဲကျင်းပသွားမယ်လို့လည်း သိရပါတယ်။
Check Also
real-madrid-nothing-impossible-solari-refuses-give-title-race
ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုလာရီ
ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဆီဗီးလားအသင်းကို ၂-၀ အနိုင်ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဆန်တီယာဂီုဆိုလာရီကတော့ သူတို့အသင်းအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ …