messi modric rakitic newsday myanmar

“မက္ဆီက အခ်ိန္တိုင္းအေကာင္းဆံုးပါ။ ဒါေပမယ့္ ဒီႏွစ္က မိုဒရစ္ပါပဲ” လို႔ ေျပာလိုက္တဲ့ ရာခီတစ္

Zawgyi Font Version

လီယြန္နယ္မက္ဆီဟာ ေဘာလံုးေလာကရဲ႕ အႀကီးျမတ္ဆံုးကစားသမား ျဖစ္ေပမယ့္ ၂၀၁၈ ခုႏွစ္မွာေတာ့ မိုဒရစ္ဟာ ဆုတံဆိပ္အားလံုးနဲ႔ ထိုက္တန္တဲ့ ကစားသမား ျဖစ္တယ္လို႔ ရာခီတစ္က ေျပာလိုက္ပါတယ္။

ဥေရာပအေကာင္းဆံုးကစားသမား UEFA Best Player ရရွိခဲ့တဲ့ မိုဒရစ္ဟာ ဖီဖာမွ ေပးအပ္မယ့္ The Best ဆုအတြက္လည္း ေရာ္နယ္ဒို၊ ဆာလက္တို႔နဲ႔အတူ ဆန္ကာတင္ ၃ ဦးစာရင္းထဲမွာ ပါ၀င္ခဲ့ပါတယ္။ မိုဒရစ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ခ်န္ပီယံလိဂ္ဖလားရေအာင္ ကူညီႏိုင္ခဲ့သလို ခရိုေအးရွားႏိုင္ငံအသင္းကိုလည္း ဖိုင္နယ္အထိ ပို႔ေဆာင္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

modrić-luka

ဘာစီလိုနာ စူပါစတား မက္ဆီဟာ ကမာၻ႕အေကာင္းဆံုးကစားသမားဆုကို ၅ ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့တယ္ဆုိေပမယ့္ ဒီႏွစ္မွာေတာ့ ဖီဖာရဲ႕ လစ္လ်ဴရႈျခင္းကို ခံလိုက္ရၿပီး ဆန္ကာတင္စရင္းထဲမွာေတာင္ မပါ၀င္ႏိုင္ခဲ့ပါဘူး။ ဘာစီလိုနာမွာ မက္ဆီနဲ႔ အသင္းေဖာ္ျဖစ္တဲ့ ရာခီတစ္ကေတာ့ မက္ဆီဟာ အခ်ိန္တိုင္းအေကာင္းဆံုးဆိုတာ မျငင္းႏိုင္တဲ့အရာတစ္ခု ျဖစ္ေပမယ့္ ကမာၻ႕ဖလားၿပိဳင္ပြဲမွာ ေရႊေဘာလံုးဆုရရွိထားတဲ့ မိုဒရစ္သာ ဆုတံဆိပ္အားလံုးနဲ႔ ထိုက္တန္ေၾကာင္း အခုလို ေျပာပါတယ္။

Rakitic-Messi-June2018

“ကၽြန္ေတာ့္အတြက္ေတာ့ ကမာၻ႕အေကာင္းဆံုးနဲ႔ အခ်ိန္တိုင္းအေကာင္းဆံုးကစားသမားက လီယိုမက္ဆီပါပဲ။ ဒီအေျဖက ရွင္းပါတယ္။ လူငယ္ ၁၀ ေယာက္ကို ေမးရင္ ၉ ေယာက္က မက္ဆီလို႔ပဲ ေျပာၾကမွာပါ” လို႔ ရာခီတစ္က ေျပာပါတယ္။

“ဒါေပမယ့္ ဒီႏွစ္ကေတာ့ လူကာရဲ႕ ႏွစ္္လို႔ပဲ ကၽြန္ေတာ္ထင္တယ္။ မိုဒရစ္ဟာ ဆုတံဆိပ္အားလံုးနဲ႔ ထိုက္တန္တယ္ဆိုတာ လူတိုင္းသိၾကတယ္” လို႔ ရာခီတစ္က ေျပာလိုက္ပါတယ္။

Unicode version

“မက်ဆီက အချိန်တိုင်းအကောင်းဆုံးပါ။ ဒါပေမယ့် ဒီနှစ်က မိုဒရစ်ပါပဲ” လို့ ပြောလိုက်တဲ့ ရာခီတစ်

လီယွန်နယ်မက်ဆီဟာ ဘောလုံးလောကရဲ့ အကြီးမြတ်ဆုံးကစားသမား ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ မိုဒရစ်ဟာ ဆုတံဆိပ်အားလုံးနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်တယ်လို့ ရာခီတစ်က ပြောလိုက်ပါတယ်။

modric rakitic with golden ball - newsday myanmar

ဥရောပအကောင်းဆုံးကစားသမား UEFA Best Player ရရှိခဲ့တဲ့ မိုဒရစ်ဟာ ဖီဖာမှ ပေးအပ်မယ့် The Best ဆုအတွက်လည်း ရော်နယ်ဒို၊ ဆာလက်တို့နဲ့အတူ ဆန်ကာတင် ၃ ဦးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားရအောင် ကူညီနိုင်ခဲ့သလို ခရိုအေးရှားနိုင်ငံအသင်းကိုလည်း ဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ စူပါစတား မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်ဆိုပေမယ့် ဒီနှစ်မှာတော့ ဖီဖာရဲ့ လစ်လျူရှုခြင်းကို ခံလိုက်ရပြီး ဆန်ကာတင်စရင်းထဲမှာတောင် မပါဝင်နိုင်ခဲ့ပါဘူး။ ဘာစီလိုနာမှာ မက်ဆီနဲ့ အသင်းဖော်ဖြစ်တဲ့ ရာခီတစ်ကတော့ မက်ဆီဟာ အချိန်တိုင်းအကောင်းဆုံးဆိုတာ မငြင်းနိုင်တဲ့အရာတစ်ခု ဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုရရှိထားတဲ့ မိုဒရစ်သာ ဆုတံဆိပ်အားလုံးနဲ့ ထိုက်တန်ကြောင်း အခုလို ပြောပါတယ်။

“ကျွန်တော့်အတွက်တော့ ကမ္ဘာ့အကောင်းဆုံးနဲ့ အချိန်တိုင်းအကောင်းဆုံးကစားသမားက လီယိုမက်ဆီပါပဲ။ ဒီအဖြေက ရှင်းပါတယ်။ လူငယ် ၁၀ ယောက်ကို မေးရင် ၉ ယောက်က မက်ဆီလို့ပဲ ပြောကြမှာပါ” လို့ ရာခီတစ်က ပြောပါတယ်။

“ဒါပေမယ့် ဒီနှစ်ကတော့ လူကာရဲ့ နှစ်လို့ပဲ ကျွန်တော်ထင်တယ်။ မိုဒရစ်ဟာ ဆုတံဆိပ်အားလုံးနဲ့ ထိုက်တန်တယ်ဆိုတာ လူတိုင်းသိကြတယ်” လို့ ရာခီတစ်က ပြောလိုက်ပါတယ်။

Check Also

အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ေခတ္ပဲ

“ဘာစီလိုနာကို ႏိုင္ပြဲေတြရေအာင္ လုပ္ေပးသူက မက္ဆီ မဟုတ္ဘူး၊ ကၽြန္ေတာ္ပါ” – အီတူး

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း အီတူးကေတာ့ နည္းျပ ပပ္ဂြာဒီယိုလာရဲ႕ နည္းစနစ္ ခ်ဳပ္ကိုင္မႈေတြကို အျပစ္တင္ ရံႈ႕ခ်လိုက္ၿပီး ဘာစီလိုနာကို အႏိုင္ရေအာင္ စြမ္းေပးခဲ့သူက မက္ဆီမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ အီတူးဟာ …