“ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ် မဟုတ်သေးဘူး” လို့ ဆိုလိုက်တဲ့ ဂွာဒီယိုလာ

လာလီဂါနှင့် ဘွန်ဒစ်လီဂါတို့မှာ ကျင်လည်ကျက်စားလာခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်က အခုမှ ပြိုင်ဆိုင်မှု ပြင်းထန်းတဲ့လိဂ်တစ်ခုဖြစ်ဖို့ အစပြုနေဆဲပဲ ရှိသေးတယ်လို့ ပြောလိုက်ပါတယ်။

“ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ဆိုတဲ့ အသံတွေ ကျွန်တော့်နားထဲ ကြားနေရတယ်။ ဒါဟာ ခင်ဗျားတို့ အကြည့်များဆုံးလိဂ်တစ်ခု ဖြစ်လို့နေမှာပါ” လို့ ဂွာဒီယိုလာက ပြောပါတယ်။

“အမှန်တကယ်တော့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အရမ်းကို ပြင်းထန်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘီဘာအို၊ ဆီဗီးလား၊ အက်သလက်တီကိုမက်ဒရစ် တို့ရှိနေတဲ့ လိဂ်က လွယ်ကူတယ်လို့တော့ ပြောလို့ မရဘူး”

“ဘာလို့လဲဆိုတော့ နောက်ဆုံးဆယ်စုနှစ်(၁)ခုမှာ စပိန်ကလပ်တွေကပဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေမှာ စိုးမိုးနိုင်ခဲ့တယ်။ ဆီဗီးလားအသင်းဆိုရင် ယူရိုပါလိဂ်ဖလား (၃)ကြိမ်တောင် ဆွတ်ခူးနိုင်တယ်”

“အခု အင်္ဂလန်ကလပ် (၅)သင်း ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့တယ်။ နောက်ဆုံးအဆင့်ထိ အောင်မြင်ခဲ့ရင် သေချာတယ်- ပရီးမီးယားလိဂ်က အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …