Liverpool midfielder Naby Keita

“ပရီးမီးယားလိဂ္က ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းတယ္” လို႔ ေျပာလိုက္တဲ့ ခီတာ

Zawgyi Version

လီပါပူးလ္ကြင္းလယ္ကစားသမားသစ္ နာဘီခီတာက ပရီးမီးယားလိဂ္ဟာ ယွဥ္ၿပိဳင္ရခက္ခဲၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းတယ္လို႔ ေျပာလိုက္ပါတယ္။

အသက္ ၂၃ ႏွစ္ အရြယ္ရွိတဲ့ နီဂီႏိုင္ငံသားဟာ ဒီေႏြအေျပာင္းအေရႊ႕မွာ RB Leipzig အသင္းမွ ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ပါတယ္။ သူဟာ လီဗာပူးလ္အသင္းအတြက္ ၄ ပြဲ ပါ၀င္ ကစားထားၿပီး ၃ ပြဲ ပြဲထြက္ခြင့္ရခဲ့ပါတယ္။

Naby-Keita-vs-West-Ham

တစ္ခ်ိန္က ျပင္သစ္၊ ၾသစၾတီးယားနဲ႔ ဂ်ာမနီႏိုင္ငံတို႔မွာ ကစားခဲ့တဲ့ ခီတာက ယခု အဂၤလန္ပရီးမီးယားလိဂ္ဟာ တျခားလိဂ္ေတြနဲ႔ မတူဘဲ ခက္ခဲေၾကာင္း အခုလို ေျပာပါတယ္။

ပရီးမီးယားလိဂ္က ယွဥ္ၿပိဳင္ရခက္ခဲ့တဲ့ လိဂ္တစ္ခု ေျပာရင္ မွန္လိမ့္မယ္” လို႔ ခီတာက ကလပ္၀က္ဆိုဒ္မွာ ေျပာထားပါတယ္။

“ဒီမွာ ကစားရဖို႔ ကၽြန္ေတာ္ဟာ အရမ္းကို စိတ္လႈပ္ရွားခဲ့ရပါတယ္။ ဒီလိဂ္က ဆြဲေဆာင္မႈရွိတယ္ဆိုေပမယ့္ လာေရာက္ကစားခဲ့ဖူးတဲ့ ျပည္ပကစားသမား အမ်ားက သူတုိ႔ ဒီမွာ အသားက်ဖို႔ အေျခအေနအေပၚ မူတည္ၿပီး အခ်ိန္ေတြယူရေၾကာင္း ကၽြန္ေတာ္တို႔ ေျပာျပခဲ့တယ္”

Naby-Keita-vs-West-Ham

“ဒါ့ေၾကာင့္ ပရီးမီးယားလိဂ္မွာ ကစားရျခင္းက ခက္ခဲေကာင္းခက္ခဲလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ဒီမွာ ကစားရဖို႔ စိတ္ဆႏၵေတြ ျပင္းျပေနတယ္။ ကၽြန္ေတာ္နဲ႔ အသင္းေဖာ္ေတြအတြက္သာမက ကလပ္အတြက္ပါ ျဖစ္တယ္”

“ကၽြန္ေတာ့္ပတ္၀န္းက်င္မွာ ရွိတဲ့လူေတြက ကၽြန္ေတာ့္ကို အရမ္းပံ့ပိုးကူညီေပးၾကတယ္။ ဒါ့ေၾကာင့္ အသင္းနဲ႔ အျမန္ဆံုးအံ၀င္ႏိုင္တယ္” လို႔ ခီတာက ေျပာလိုက္ပါတယ္။

Unicode version

“ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပါတယ်” လို့ ပြောလိုက်တဲ့ ခီတာ

လီပါပူးလ်ကွင်းလယ်ကစားသမားသစ် နာဘီခီတာက ပရီးမီးယားလိဂ်ဟာ ယှဉ်ပြိုင်ရခက်ခဲပြီး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတယ်လို့ ပြောလိုက်ပါတယ်။

အသက် ၂၃ နှစ် အရွယ်ရှိတဲ့ နီဂီနိုင်ငံသားဟာ ဒီနွေအပြောင်းအရွှေ့မှာ RB Leipzig အသင်းမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လီဗာပူးလ်အသင်းအတွက် ၄ ပွဲ ပါဝင် ကစားထားပြီး ၃ ပွဲ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

တစ်ချိန်က ပြင်သစ်၊ သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့မှာ ကစားခဲ့တဲ့ ခီတာက ယခု အင်္ဂလန်ပရီးမီးယားလိဂ်ဟာ တခြားလိဂ်တွေနဲ့ မတူဘဲ ခက်ခဲကြောင်း အခုလို ပြောပါတယ်။

“ပရီးမီးယားလိဂ်က ယှဉ်ပြိုင်ရခက်ခဲ့တဲ့ လိဂ်တစ်ခု ပြောရင် မှန်လိမ့်မယ်” လို့ ခီတာက ကလပ်ဝက်ဆိုဒ်မှာ ပြောထားပါတယ်။

“ဒီမှာ ကစားရဖို့ ကျွန်တော်ဟာ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒီလိဂ်က ဆွဲဆောင်မှုရှိတယ်ဆိုပေမယ့် လာရောက်ကစားခဲ့ဖူးတဲ့ ပြည်ပကစားသမား အများက သူတို့ ဒီမှာ အသားကျဖို့ အခြေအနေအပေါ် မူတည်ပြီး အချိန်တွေယူရကြောင်း ကျွန်တော်တို့ ပြောပြခဲ့တယ်”

“ဒါ့ကြောင့် ပရီးမီးယားလိဂ်မှာ ကစားရခြင်းက ခက်ခဲကောင်းခက်ခဲလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီမှာ ကစားရဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတယ်။ ကျွန်တော်နဲ့ အသင်းဖော်တွေအတွက်သာမက ကလပ်အတွက်ပါ ဖြစ်တယ်”

“ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေက ကျွန်တော့်ကို အရမ်းပံ့ပိုးကူညီပေးကြတယ်။ ဒါ့ကြောင့် အသင်းနဲ့ အမြန်ဆုံးအံဝင်နိုင်တယ်” လို့ ခီတာက ပြောလိုက်ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …