Portugal-1-0-Italy-Andre-Silva-scores-Fernando-Santos-perfect-start-Nations-League-newsdaymyanmar
Zawgyi code version
အီတလီနည်းပြ မန်ဆီနီ
Unicode version
စီရော်နယ်ဒိုမပါလည်း ပြဿနာမရှိ။ ပေါ်တူဂီအတွက် အနိုင်ဂိုး သွင်းပေးနိုင်ခဲ့တဲ့ အန်ဒရေဆေးလ်ဗား
ပေါ်တူဂီနိုင်ငံအသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒို မပါဝင်ခဲ့ပေမယ့် Nations League ပြိုင်ပွဲမှာ အီတလီအသင်းကို အန်ဒရေဆေးလ်ဗားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပေါ်တူဂီနည်းပြ
ဆေးလ်ဗားဟာ ဒုတိယပိုင်းစတင်ပြီး ၃ မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲဟာ ၁၉၅၇ ခုနှစ်နောက်ပိုင်း အီတလီနိုင်ငံအသင်းကို ပထမဆုံး အနိုင်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီပွဲဟာ အီတလီနည်းပြ မန်ဆီနီအတွက် ပြိုင်ပွဲရဲ့ ဒုတိယမြောက် ပွဲစဉ်ဖြစ်ပြီး သောကြာနေ့က ပိုလန်အသင်းကို ၁-၁ နဲ့ သရေထွက်ပေါ်ခဲ့တဲ့ လူစာရင်းကို ပြောင်းလဲမှု ၉ ခုအထိ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းကို ရှုံးနိမ့်အပြီးတော့ အခုလို ပဲ ပြောပါတယ်။
“ကျွန်တော်တို့ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ကစားသမားတွေအားလုံးကတော့  သူတို့ပေးစွမ်းနိုင်သလောက်ကို အစွမ်းကုန်ကြိုးစားကြပါတယ်” လို့ နည်းပြ မန်ဆီနီက ပွဲပြီးမှာ ပြောပါတယ်။
နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲ မရရှိခဲ့တဲ့ အီတလီအသင်းဟာ နှစ် ၆၀ အတွင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
Check Also
skysports-jose-mourinho-man-united_4478147
မော်ရင်ဟိုကို လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော
Zawgyi Version ယခင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုအနေနဲ့ လာလီဂါသို့ တစ်ကျော့ပြန်လာခဲ့မယ်ဆိုရင် သိပ်ကောင်းတဲ့ပြပွဲတစ်ခု ဖြစ်လာမှာပဲလို့ လာလီဂါဥက္ကဋ္ဌ Javier Tebasက ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ …