pogba is not happy

“ကျွန်တော့်ကို ပျော်အောင်ထားရင် အကောင်းဆုံး ကစားပေးမယ်” လို့ ပြောလိုက်တဲ့ ပေါ့ဘာ

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာကတော့ နည်းပြ မော်ရင်ဟိုအနေနဲ့ သူ့ကို ပျော်ရွှင်စွာ ထားနိုင်ရင် ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ ပြသပေးနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပေါ့ဘာဟာ နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အေးဂျင့် ရိုင်အိုလာက စပိန်ကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်ကို ပျော်အောင်ထားရင် အကောင်းဆုံး ကစားပေးမယ်" လို့ ပြောလိုက်တဲ့ ပေါ့ဘာ

ဒါပေမယ့် မန်ယူအသင်းပိုင်းရှင်နဲ့ တာဝန်ရှိသူတွေကတော့ ပေါ့ဘာကို ရောင်းဖို့ အစီအစဉ်မရှိဘူးလို့ အတိအလင်း ပြောကြားထားပါတယ်။ ပေါ့ဘာကလည်း သူ့ကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေစေချင်တယ်ဆိုရင် သူ့ကို ပျော်အောင်ထားပါဆိုပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ခင်ဗျားတို့ တစ်ခုတော့ သိထားဖို့လိုနေပြီ။ ကစားသမားတစ်ယောက်က ပျော်ရွှင်နေမယ်ဆိုရင် သူ မပျော်ရွှင်တဲ့အချိန်တွေထက် ပိုပြီးတော့ ခြေစွမ်းပြနိုင်တယ်” လို့ ပေါ့ဘာက ပြောပါတယ်။

“ကျွန်တော် မပြောနိုင်တဲ့အရာတွေ အများကြီး ရှိသေးတယ်။ ကျွန်တော်ကတော့ ယူနိုက်မှာတော့ နိုင်ငံအသင်းမှာရော ဒီပုံစံပဲ ကစားတယ်။ ပေါ့ဘာက အတူတူပဲ”

"ကျွန်တော့်ကို ပျော်အောင်ထားရင် အကောင်းဆုံး ကစားပေးမယ်" လို့ ပြောလိုက်တဲ့ ပေါ့ဘာ

“ကျွန်တော် အရင်က ပြောသလိုပဲ ကျွန်တော်ဟာ ယူနိုက်တက်ကို ချစ်တယ်။ အကယ်ဒမီက ဆင်းသက်လာခဲ့သူလည်း ဖြစ်တယ်။ အသင်းကြီးမှာ ကစားခွင့်ရခဲ့တယ်။ ဒါတွေဟာ ကျွန်တော့်အတွက် အိပ်မက်တွေ တကယ်ဖြစ်လာခြင်းပဲ”

“ဒါပေမယ့် ကျွန်တော်ရှေ့က ပြောခဲ့သလိုပဲ လူတစ်ယောက်ဟာ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ ပျော်ရွှင်နေမယ်ဆိုရင် လွယ်ကူစွာ ခရီးဆက်နိုင်မှာပဲ” လို့ ပေါ့ဘာက ပြောလိုက်ပါတယ်။

Check Also

မန်ယူကို အထင်မသေးသင့်ဘူးလို့ ဘာစီလိုနာကို သတိပေးလိုက်တဲ့ မော်ရင်ဟို

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ဘယ်လောက်ပဲ ရလဒ်ကောင်း ထွက်ပေါ်နေပါစေ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ လေးစားမှုရှိရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် …