pochettino-worried-about-kane-injury

ကိန္းရဲ႕ ေျခက်င္း၀တ္ဒဏ္ရာ ဆိုးဆိုး၀ါး၀ါး မျဖစ္ဖို႔ ပိုခ်က္တီႏို ေမွ်ာ္လင့္

Zawgyi Version

စပါးစ္အသင္းနည္းျပ ပိုခ်က္တီႏိုက တနဂၤေႏြေန႔က မန္ယူအသင္းကို ၁-၀ ရလဒ္နဲ႔ ရံႈးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာအျပင္းအထန္ရသြားတဲ့ တိုက္စစ္မွဴး ဟယ္ရီကိန္းနဲ႔ ပတ္သက္ၿပီး အရမ္းကို စိုးရိမ္မိတယ္လို႔ ေျပာလိုက္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးေၾကာင့္ ပထမပိုင္းမွာ ဧည့္သည္အသင္းကို ဂိုးေဆာင္ဂိုး ေပးလိုက္ရတဲ့ စပါးစ္အသင္းဟာ ဒုတိယပိုင္းမွာ ျပန္လည္ေခ်ပႏိုင္ဖို႔ ပိုမိုဖိအားေပးကစားခဲ့ေပမဲ့ အဆံုးသတ္ပိုင္းမွာ ဂိုးသမား ဒီဂီယာကို မေက်ာ္ႏိုင္ဘဲ အရံႈးနဲ႔ပဲ ေက်နပ္လိုက္ရပါတယ္။
ဒဏ္ရာရခဲ့တဲ့ ဟယ္ရီကိန္းဟာ ပြဲၿပီးခ်ိန္မွာ ေဆးစစ္ခ်က္ခံယူခဲ့ရၿပီး ဦးေခါင္းကို ရမ္းခါေနတာ ျမင္ေတြ႕လိုက္ရတာပါ။ နည္းျပ ပိုခ်က္တီႏိုကေတာ့ ကိန္းရဲ႕ ဒဏ္ရာျပင္းထန္ၿပီး ကာလရွည္အနားယူသြားရမွာကို အရမ္းစိုးရိမ္မိေၾကာင္း အခုလို ေျပာပါတယ္။

“သူဒဏ္ရာရသြားတာ ကၽြန္ေတာ္တို႔ အရမ္းစိုးရိမ္ေနတယ္။ မနက္ျဖန္ေတာ့ သိရမွာပါ။ အေျခအေန အရမ္းႀကီးမဆိုး၀ါးဖို႔ပဲ ေမွ်ာ္လင့္မိတယ္” လို႔ ပိုခ်က္တီႏိုက BBC Sport ကို ေျပာပါတယ္။
“ကၽြန္ေတာ့္အထင္ေတာ့ ဒါက သူတို႔ဘက္က ညစ္တယ္ဆိုတာ ရွင္းပါတယ္။ ဘယ္သူေတြလဲေတာ့ ကၽြန္ေတာ္ မမွတ္မိဘူး။ ဒါေပမဲ့ ဒါဟာ ျပင္းထန္တဲ့လုပ္ရပ္တစ္ခုပါ။ ညစ္တာပဲ။ အဲဒီအခ်ိန္မွာ သူ႕ေျခက်င္း၀တ္ လိမ္သြားတယ္။ ဒီကိစၥကို ႀကီးႀကီးမားမားမျဖစ္ဖို႔ပဲ ေမွ်ာ္လင့္မိတယ္။ တစ္ခုခုျဖစ္ခဲ့ရင္ေတာ့ ဒါဟာ ကၽြန္ေတာ္တို႔အတြက္ ျပႆနာႀကီးသြားၿပီ” လို႔ ပိုခ်က္တီႏိုက ေျပာလိုက္ပါတယ္။

Unicode version

ဟယ်ရီကိန်းရဲ့ ခြေကျင်းဝတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့ပဲ မျှော်လင့်နေတဲ့ ပိုချက်တီနို

စပါးစ်အသင်းနည်းပြ ပိုချက်တီနိုက တနင်္ဂနွေနေ့က မန်ယူအသင်းကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ပတ်သက်ပြီး အရမ်းကို စိုးရိမ်မိတယ်လို့ ပြောလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကြောင့် ပထမပိုင်းမှာ ဧည့်သည်အသင်းကို ဂိုးဆောင်ဂိုး ပေးလိုက်ရတဲ့ စပါးစ်အသင်းဟာ ဒုတိယပိုင်းမှာ ပြန်လည်ချေပနိုင်ဖို့ ပိုမိုဖိအားပေးကစားခဲ့ပေမဲ့ အဆုံးသတ်ပိုင်းမှာ ဂိုးသမား ဒီဂီယာကို မကျော်နိုင်ဘဲ အရှုံးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဒဏ်ရာရခဲ့တဲ့ ဟယ်ရီကိန်းဟာ ပွဲပြီးချိန်မှာ ဆေးစစ်ချက်ခံယူခဲ့ရပြီး ဦးခေါင်းကို ရမ်းခါနေတာ မြင်တွေ့လိုက်ရတာပါ။ နည်းပြ ပိုချက်တီနိုကတော့ ကိန်းရဲ့ ဒဏ်ရာပြင်းထန်ပြီး ကာလရှည်အနားယူသွားရမှာကို အရမ်းစိုးရိမ်မိကြောင်း အခုလို ပြောပါတယ်။
“သူဒဏ်ရာရသွားတာ ကျွန်တော်တို့ အရမ်းစိုးရိမ်နေတယ်။ မနက်ဖြန်တော့ သိရမှာပါ။ အခြေအနေ အရမ်းကြီးမဆိုးဝါးဖို့ပဲ မျှော်လင့်မိတယ်” လို့ ပိုချက်တီနိုက BBC Sport ကို ပြောပါတယ်။
“ကျွန်တော့်အထင်တော့ ဒါက သူတို့ဘက်က ညစ်တယ်ဆိုတာ ရှင်းပါတယ်။ ဘယ်သူတွေလဲတော့ ကျွန်တော် မမှတ်မိဘူး။ ဒါပေမဲ့ ဒါဟာ ပြင်းထန်တဲ့လုပ်ရပ်တစ်ခုပါ။ ညစ်တာပဲ။ အဲဒီအချိန်မှာ သူ့ခြေကျင်းဝတ် လိမ်သွားတယ်။ ဒီကိစ္စကို ကြီးကြီးမားမားမဖြစ်ဖို့ပဲ မျှော်လင့်မိတယ်။ တစ်ခုခုဖြစ်ခဲ့ရင်တော့ ဒါဟာ ကျွန်တော်တို့အတွက် ပြဿနာကြီးသွားပြီ” လို့ ပိုချက်တီနိုက ပြောလိုက်ပါတယ်။

Check Also

dele-alli-lionel-messi-tottenham-barcelona-newsday-myanmar

ကိန္းမရွိခ်ိန္မွာ ဒယ္လီအေနနဲ႔ မက္ဆီလို ကစားရမယ္လို႔ ပိုခ်က္တီႏို ေျပာ

Zawgyi Version စပါးစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဒယ္လီအလီအေနနဲ႔ တိုက္စစ္မွဴး ဟယ္ရီကိန္း မရွိခ်ိန္မွာ ဘာစီလိုနာအသင္းက မက္ဆီ ကစားသလိုမ်ဳိးပဲ တိုက္စစ္ပိုင္းကို အားျဖည့္ကစားရမယ္လို႔ နည္းျပ ပိုခ်က္တီႏိုက …