“လီဗာပူးလ်ကစားသမားတိုင်း ယုံကြည်မှု ရှိနေပြီ” လို့ ကော်တင်ဟိုပြော

လီဗာပူးလ်အသင်း၏ ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုအနေနဲ့ ဖလားတစ်လုံးမျှ လုပ်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် လာမယ့်နှစ်ဘောလုံးရာသီမှာတော့ ဖလားတွေ ဆွတ်ခူးနိုင်ဖို့ နေ့တိုင်းကြိုးစားပြင်ဆင်နေတယ်လို့ ပြောလိုက်ပါတယ်။

“မနှစ်ကထက်ပိုပြီး ဒီနှစ် ပိုကောင်းတဲ့ ရာသီတစ်ခု ပိုင်ဆိုင်နိုင်အောင် နေ့တိုင်း ကြိုးစားပြင်ဆင်နေတယ်” လို့ ကော်တင်ဟိုက ကလပ်ဝက်ဆိုဒ်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ရာသီက ကော်တင်ဟိုဟာ လိဂ်သွင်းဂိုး (၁၃) သွင်းယူပြီး ဖန်တီးမှု (၇)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရအောင် အမှတ်ပေးဇယားမှာ အဆင့်(၄)နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ယခုနှစ်အတွက် လီဗာပူးလ်အသင်းသားတွေဟာ ယုံကြည်မှုအပြည့်အ၀ ရှိနေပြီး အရာရာ အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ကော်တင်ဟိုက ပြောခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …