“ဒီနှစ်တော့ မန်ယူက ဘယ်အသင်းကိုမှ ဂရုမစိုက်ဘူး” လို့ ပြောလိုက်တဲ့ ပေါ့ဘာ

ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် အနိုင်ရရှိပြီးနောက် မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာက ဒီနှစ် သူတို့အသင်းဟာ အရမ်းအားကောင်းနေတာကြောင့် ဘယ်သူအသင်းကိုမှ ဂရုမစိုက်ဘူးလို့ ပြောလိုက်ပြီး သူတို့ရဲ့ ပြိုင်ဘက်က သူတို့ကိုယ်တိုင် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက ကျွန်တော်တို့ကိုယ်တိုင်ပဲ” လို့ ပေါ့ဘာက ပြောပါတယ်။

“ကျွန်တော်တို့ဟာ ပထမဆုံး ကိုယ့်အကြောင်းကိုပဲ စဉ်းစားတယ်။ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမှ ကျွန်တော်တို့ မကြောက်ဘူး။ ဘာလို့လဲဆိုတော့ မန်ချက်စတာယူနိုက်တက်က အရမ်းအားကောင်းတဲ့ အသင်းဆိုတာ ကျွန်တော်တို့ သိတယ်။ ဒီနှစ် အကြီးအကျယ်အခမ်းအနားဆုံး ဖြစ်အောင် လုပ်သွားဖို့ ကျွန်တော်တို့ စဉ်းစားထားတယ်”

“ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်။ ဒါပေမယ့် အသင်းတိုင်းက အားကောင်းကြတယ်။ ဥပမာ – လွန်ခဲ့တဲ့ ၂ နှစ်လောက်က လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တာပဲ ကြည့်လေ။ ဒါကို ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ ဒါကြောင့် ဘာတွေ ဖြစ်လာမလဲဆိုတာ ခင်ဗျားလို့လည်း မခန့်မှန်းနိုင်ဘူး”

“ကျွန်တော်တို့ဟာ အစပိုင်းမှာ အရမ်းကောင်းမွန်စွာ စတင်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ ဒီလိုမျိုးတော့ ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ တစ်ပွဲပြီး တစ်ပွဲ အာရုံစူးစိုက်သွားမယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …